၂၀၂၁ ခုႏွစ္အတြင္း PSLF/TNLA က်န္းမာေရးဌာနမွ လူဦးေရ (၁၂၄၄၂) ဦးကို ေဆးကုသေပးခဲ့ၿပီး (၁၇၉၅) ဦးကို က်န္းမာေရးေစာင့္ေရွာက္မႈေပးခဲ့

၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၂၉ ရက္


တအာင္းတပ္မေတာ္ စစ္ေဒသ (၆) ခုအတြင္းရွိ အရပ္သားျပည္သူလူထုမ်ားကို ၂၀၂၁ ခုႏွစ္အတြင္း PSLF/TNLA က်န္းမာေရးဌာနမွ လူဦးေရ (၁၂၄၄၂) ဦးကို ေဆးကုသေပးႏိုင္ခဲ့ၿပီး (၁၇၉၅) ဦးကို သြားေရာက္ က်န္းမာေရးေစာင့္ေရွာက္မႈ ေပးႏိုင္ခဲ့ေၾကာင္း က်န္းမာေရးဌာန၏ ႏွစ္ခ်ဳပ္အစီရင္ခံအရ သိရွိရသည္။

အဲထဲမွာ ျပင္းထန္ဒဏ္ရာရလူနာ (၁၄၁) ဦး၊ မီးဖြား (၃) ဦး၊ ျပင္ပလူနာ ႏွင့္ ရိုးရိုးလူနာ (၁၂၂၉၈) ဦး စုစုေပါင္း အရပ္သားျပည္သူလူထုလူနာ (၁၂၄၄၂) ဦးကို ေဆးရုံ၊ ေဆးခန္းတြင္ ေဆးကုသေပးခဲ့သည္။ ထို႔အျပင္ PSLF/TNLA ၏ က်န္းမာေရးဝန္ထမ္းမ်ားက ေက်းရြာအထိ သြားေရာက္ၿပီး ရပ္ရြာခံ ကိုယ္ဝန္ေဆာင္မိခင္မ်ား၊ ကေလးမ်ား၊ သက္ႀကီးရြယ္အိုမ်ား စုစုေပါင္း (၁၇၉၅) ဦး က်န္းမာေရး ေစာင့္ေရွာက္မႈ ေပးခဲ့သည္။

လူနာ (၁၂၄၄၂) ဦးအနက္ မီးဖြား (၃) ဦးကို PSLF/TNLA ဖြင့္လွစ္ထားသည့္ ေဆးရုံတြင္ ခြဲစိတ္ေမြးဖြားခဲ့ၿပီး (၃) ဦးကို လားရွိဳးၿမိဳ႕ ႏွင့္ အျခားၿမိဳ႕ရွိ ျပည္သူ႔ေဆးရုံသို႔ လႊဲေျပာင္းေဆးကုသခဲ့သည္။ က်န္လူနာမ်ားကို PSLF/TNLA က်န္းမာေရးဌာနေအာက္ရွိ ေဆးရုံ၊ ေဆးခန္းတြင္ ေဆးကုသေပးခဲ့သည္။

PSLF/TNLA သည္ တအာင္းတပ္မေတာ္ နယ္ေျမအတြင္းရွိ မိဘျပည္သူလူထုအတြက္ ၿမိဳ႕နယ္တိုင္းတြင္ ေဆးရုံ၊ ေဆးခန္းမ်ား ဖြင့္ၿပီး လူနာမ်ားကို ေန႔စဥ္လက္ခံ ေဆးကုသေပးလ်က္ ရွိေနပါသည္။

သတင္းႏွင့္ျပန္ၾကားေရးဌာန

PSLF/TNLA

<<Zawgyi>>


၂၀၂၁ ခုနှစ်အတွင်း PSLF/TNLA ကျန်းမာရေးဌာနမှ လူဦးရေ (၁၂၄၄၂) ဦးကို ဆေးကုသပေးခဲ့ပြီး (၁၇၉၅) ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့


၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်


တအာင်းတပ်မတော် စစ်ဒေသ (၆) ခုအတွင်းရှိ အရပ်သားပြည်သူလူထုများကို ၂၀၂၁ ခုနှစ်အတွင်း PSLF/TNLA ကျန်းမာရေးဌာနမှ လူဦးရေ (၁၂၄၄၂) ဦးကို ဆေးကုသပေးနိုင်ခဲ့ပြီး (၁၇၉၅) ဦးကို သွားရောက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ကြောင်း ကျန်းမာရေးဌာန၏ နှစ်ချုပ်အစီရင်ခံအရ သိရှိရသည်။

အဲထဲမှာ ပြင်းထန်ဒဏ်ရာရလူနာ (၁၄၁) ဦး၊ မီးဖွား (၃) ဦး၊ ပြင်ပလူနာ နှင့် ရိုးရိုးလူနာ (၁၂၂၉၈) ဦး စုစုပေါင်း အရပ်သားပြည်သူလူထုလူနာ (၁၂၄၄၂) ဦးကို ဆေးရုံ၊ ဆေးခန်းတွင် ဆေးကုသပေးခဲ့သည်။ ထို့အပြင် PSLF/TNLA ၏ ကျန်းမာရေးဝန်ထမ်းများက ကျေးရွာအထိ သွားရောက်ပြီး ရပ်ရွာခံ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးများ၊ သက်ကြီးရွယ်အိုများ စုစုပေါင်း (၁၇၉၅) ဦး ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့သည်။

လူနာ (၁၂၄၄၂) ဦးအနက် မီးဖွား (၃) ဦးကို PSLF/TNLA ဖွင့်လှစ်ထားသည့် ဆေးရုံတွင် ခွဲစိတ်မွေးဖွားခဲ့ပြီး (၃) ဦးကို လားရှိုးမြို့ နှင့် အခြားမြို့ရှိ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းဆေးကုသခဲ့သည်။ ကျန်လူနာများကို PSLF/TNLA ကျန်းမာရေးဌာနအောက်ရှိ ဆေးရုံ၊ ဆေးခန်းတွင် ဆေးကုသပေးခဲ့သည်။

PSLF/TNLA သည် တအာင်းတပ်မတော် နယ်မြေအတွင်းရှိ မိဘပြည်သူလူထုအတွက် မြို့နယ်တိုင်းတွင် ဆေးရုံ၊ ဆေးခန်းများ ဖွင့်ပြီး လူနာများကို နေ့စဉ်လက်ခံ ဆေးကုသပေးလျက် ရှိနေပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA

<<Unicode>>
File – Image