တအာင္းတပ္မေတာ္ အရာရွိသင္တန္း (TOT) အမွတ္စဥ္ (၃) သင္တန္းဖြင့္ပြဲကုိ PSLF/TNLA ဥကၠ႒ တားအိုက္ဘုန္း တက္ေရာက္

တအာင္းျပည္နယ္၊ ေဖေဖာ္ဝါရီလ ၉ ရက္


တအာင္းတပ္မေတာ္ ဗဟိုစစ္ဦးစီးခ်ဳပ္ ၏ စစ္ေရးေလ့က်င့္သင္ၾကားေရးသင္တန္းဌာနတြင္ ယေန႔ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔တြင္ က်င္းပဖြင့္လွစ္သည့္ အရာရွိ သင္တန္း ( Taang Army Officer Training ) အမွတ္စဥ္ (၃) သင္တန္းဖြင့္ပြဲကုိ PSLF/TNLA ဥကၠ႒ တားအဘုန္း တက္ေရာက္အမွာစကားေျပာခဲ့ေၾကာင္း သိရပါသည္။

၎သင္တန္းဖြင့္ပြဲကုိ ဥကၠ႒၊ အေထြေထြအတြင္းေရးမွဴး တားဘုန္းေက်ာ္၊ စစ္ဦးစီးခ်ဳပ္ ႏွင့္ တပ္မဟာမွဴးမ်ားလုပ္ငန္းဌာနမွဴးမ်ား တက္ေရာက္ခဲ့ၾကသည္။


အဆိုပါသင္တန္းတြင္ တပ္ရင္းတပ္ဖြဲ႕အတြင္း ဦးေဆာင္ေနေသာ စစ္ေရးအေတြ႕အၾကံဳရွိသည့္ အရာခံဗိုလ္ အဆင့္ ၁၀၉ ဦး တက္ေရာက္ၿပီး သင္တန္းကာလ စာေတြ႕ ၈ လ စစ္ေျမျပင္လက္ေတြ႕ ၄ လ စုစုေပါင္း တစ္ႏွစ္ ၾကာျမင့္မည္ ျဖစ္ပါသည္။


သင္တန္းဖြင့္ရတဲ့ရည္ရြယ္ခ်က္နဲ႔ပတ္သက္ၿပီး “ဒီလုိတပ္မွဴးငယ္ သင္တန္းကေန တအာင္းတပ္မေတာ္ရဲ႕ ေတာ္လွန္ေရးတပ္ဖြဲ႕ေတြကို စနစ္တက်ဦးေဆာင္ၿပီး တအာင္းတပ္မေတာ္မွာ လက္နက္အမ်ဳိးမ်ဳိးကုိ စနစ္တက်အသုံးျပဳတုိက္ခုိက္ႏုိင္မယ့္ အရာရွိတပ္မွဴးေတြ ေမြးထုတ္ႏုိင္မွာျဖစ္တယ္။ တအာင္းအမ်ဳိးသားလြတ္ေျမာက္ေရးနဲ႔ တအာင္းျပည္နယ္တည္ေဆာက္ေရးအတြက္ တကယ္ အေရးႀကီးတဲ့ ေတာ္လွန္ေရးလက္နက္ျဖစ္တယ္ ” လို႔ အေထြေထြအတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ တာဘုန္းေက်ာ္က အခုလိုရွင္းျပပါသည္။


အဆုိပါသင္တန္းသည္ တအာင္းျပည္နယ္လြတ္ေျမာက္ေရးတပ္ဦး PSLF တအာင္းအမ်ဳိးသားလြတ္ေျမာက္ေရးတပ္မေတာ္ TNLA အတြင္း သုံးႀကိမ္ ေျမာက္ ဖြင့္လွစ္သည့္ သင္တန္း ျဖစ္သည္။

သတင္းႏွင့္ျပန္ၾကားေရးဌာန

PSLF/TNLA

<<Zawgyi>>


တအာင်းတပ်မတော် အရာရှိသင်တန်း (TOT) အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲကို PSLF/TNLA ဥက္ကဋ္ဌ တားအိုက်ဘုန်း တက်ရောက်


တအာင်းပြည်နယ်၊ ဖေဖော်ဝါရီလ ၉ ရက်


တအာင်းတပ်မတော် ဗဟိုစစ်ဦးစီးချုပ် ၏ စစ်ရေးလေ့ကျင့်သင်ကြားရေးသင်တန်းဌာနတွင် ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပဖွင့်လှစ်သည့် အရာရှိ သင်တန်း ( Taang Army Officer Training ) အမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲကို PSLF/TNLA ဥက္ကဋ္ဌ တားအဘုန်း တက်ရောက်အမှာစကားပြောခဲ့ကြောင်း သိရပါသည်။

၎င်းသင်တန်းဖွင့်ပွဲကို ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး တားဘုန်းကျော်၊ စစ်ဦးစီးချုပ် နှင့် တပ်မဟာမှူးများလုပ်ငန်းဌာနမှူးများ တက်ရောက်ခဲ့ကြသည်။


အဆိုပါသင်တန်းတွင် တပ်ရင်းတပ်ဖွဲ့အတွင်း ဦးဆောင်နေသော စစ်ရေးအတွေ့အကြုံရှိသည့် အရာခံဗိုလ် အဆင့် ၁၀၉ ဦး တက်ရောက်ပြီး သင်တန်းကာလ စာတွေ့ ၈ လ စစ်မြေပြင်လက်တွေ့ ၄ လ စုစုပေါင်း တစ်နှစ် ကြာမြင့်မည် ဖြစ်ပါသည်။


သင်တန်းဖွင့်ရတဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး “ဒီလိုတပ်မှူးငယ် သင်တန်းကနေ တအာင်းတပ်မတော်ရဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို စနစ်တကျဦးဆောင်ပြီး တအာင်းတပ်မတော်မှာ လက်နက်အမျိုးမျိုးကို စနစ်တကျအသုံးပြုတိုက်ခိုက်နိုင်မယ့် အရာရှိတပ်မှူးတွေ မွေးထုတ်နိုင်မှာဖြစ်တယ်။ တအာင်းအမျိုးသားလွတ်မြောက်ရေးနဲ့ တအာင်းပြည်နယ်တည်ဆောက်ရေးအတွက် တကယ် အရေးကြီးတဲ့ တော်လှန်ရေးလက်နက်ဖြစ်တယ် ” လို့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က အခုလိုရှင်းပြပါသည်။


အဆိုပါသင်တန်းသည် တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အတွင်း သုံးကြိမ် မြောက် ဖွင့်လှစ်သည့် သင်တန်း ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA

<<Unicode>>