၂၀၂၁ ခုႏွစ္အတြင္း တအာင္းတပ္မေတာ္မွ မူးယစ္ေဆးဝါးသုံးစြဲသူ (၇၀၉) ဦးကို အက်င့္စာရိတၱျပဳျပင္ေပးႏိုင္ခဲ့

၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၂၉ ရက္

ပေလာင္ျပည္နယ္လြတ္ေျမာက္ေရးတပ္ဦး PSLF/TNLA သည္ ၂၀၂၁ ခုႏွစ္အတြင္း ဖမ္းဆီးရမိခဲ့ေသာ မူးယစ္ေဆးဝါးသုံးစြဲသူ (၇၇၅) ဦးကို “ဂါင္ဆပဲဆငါး”သို႔ ပို႔ၿပီး အက်င့္စာရိတၱျပဳျပင္ေပးခဲ့ရာ (၇၀၉) ဦးကို အက်င့္စာရိတၱျပဳျပင္ေပးႏိုင္ခဲ့သည္။

“ဂါင္ဆပဲဆငါး”သည္ မူးယစ္ေဆးဝါးသုံးစြဲသူမ်ားကို ဘိန္းဖ်က္ေပး၊ အက်င့္စာရိတၱျပဳျပင္ေပးသည့္ ေနရာျဖစ္ၿပီး ၂၀၂၁ ခုႏွစ္အတြင္း တအာင္းတပ္မေတာ္မွ (၇) ႀကိမ္ ဖြင့္လွစ္ႏိုင္ခဲ့သည္။ တစ္ႀကိမ္လွ်င္ (၆) လတာ ခန္႔ၾကာျမင့္ျပီး မူးယစ္ေဆးဝါးသုံးစြဲသူမ်ားကို အသိပညာေပးျခင္း၊ လက္မႈပညာမ်ား သင္ၾကားေပးျခင္း၊ က်န္းမာေရးေစာင့္ေရွာက္မႈေပးျခင္း၊ ကိုယ္လက္ေလ့က်င့္ခန္းမ်ား ျပဳလုပ္ေစျခင္း ႏွင့္ ေက်းရြာတြင္ လမ္း၊ တံတားျပဳျပင္ေစျခင္း စသည္တို႔ကို လုပ္ေဆာင္ေပးသည္ဟု မူးယစ္ေဆးဝါးသုံးစြဲသူမ်ားကို အက်င့္စာရိတၱျပဳျပင္ေပးသည့္ “ဂါင္ဆပဲဆငါး”အဖြဲ႔ထံ သိရသည္။

တစ္ႀကိမ္ အက်င့္စာရိတၱျပဳျပင္ၿပီးသူမ်ား မူးယစ္​ေဆးဝါး ထပ္မံသုံးစြဲပါက PSLF/TNLA မွ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား (၃) ႏွစ္ၾကာ ျပဳလုပ္ေစပါသည္။

၂၀၂၁ ခုႏွစ္အတြင္း ဒုတိယအႀကိမ္ မူးယစ္ေဆးဝါး ထပ္မံသုံးစြဲျခင္းေၾကာင့္ လူ (၆၃) ဦး စိုက္ပ်ိဳးေရးလုပ္ငန္း ျပဳလုပ္ရသည္ဟု စိုက္ပ်ိဳးေရးလုပ္ငန္း တာဝန္ခံတစ္ဦးထံ သိရပါသည္။

သတင္းႏွင့္ျပန္ၾကားေရးဌာန

PSLF/TNLA

<<Zawgyi>>

၂၀၂၁ ခုနှစ်အတွင်း တအာင်းတပ်မတော်မှ မူးယစ်ဆေးဝါးသုံးစွဲသူ (၇၀၉) ဦးကို အကျင့်စာရိတ္တပြုပြင်ပေးနိုင်ခဲ့

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA သည် ၂၀၂၁ ခုနှစ်အတွင်း ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးသုံးစွဲသူ (၇၇၅) ဦးကို “ဂါင်ဆပဲဆငါး”သို့ ပို့ပြီး အကျင့်စာရိတ္တပြုပြင်ပေးခဲ့ရာ (၇၀၉) ဦးကို အကျင့်စာရိတ္တပြုပြင်ပေးနိုင်ခဲ့သည်။

“ဂါင်ဆပဲဆငါး”သည် မူးယစ်ဆေးဝါးသုံးစွဲသူများကို ဘိန်းဖျက်ပေး၊ အကျင့်စာရိတ္တပြုပြင်ပေးသည့် နေရာဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်း တအာင်းတပ်မတော်မှ (၇) ကြိမ် ဖွင့်လှစ်နိုင်ခဲ့သည်။ တစ်ကြိမ်လျှင် (၆) လတာ ခန့်ကြာမြင့်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူများကို အသိပညာပေးခြင်း၊ လက်မှုပညာများ သင်ကြားပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း နှင့် ကျေးရွာတွင် လမ်း၊ တံတားပြုပြင်စေခြင်း စသည်တို့ကို လုပ်ဆောင်ပေးသည်ဟု မူးယစ်ဆေးဝါးသုံးစွဲသူများကို အကျင့်စာရိတ္တပြုပြင်ပေးသည့် “ဂါင်ဆပဲဆငါး”အဖွဲ့ထံ သိရသည်။

တစ်ကြိမ် အကျင့်စာရိတ္တပြုပြင်ပြီးသူများ မူးယစ်ဆေးဝါး ထပ်မံသုံးစွဲပါက PSLF/TNLA မှ စိုက်ပျိုးရေးလုပ်ငန်းများ (၃) နှစ်ကြာ ပြုလုပ်စေပါသည်။

၂၀၂၁ ခုနှစ်အတွင်း ဒုတိယအကြိမ် မူးယစ်ဆေးဝါး ထပ်မံသုံးစွဲခြင်းကြောင့် လူ (၆၃) ဦး စိုက်ပျိုးရေးလုပ်ငန်း ပြုလုပ်ရသည်ဟု စိုက်ပျိုးရေးလုပ်ငန်း တာဝန်ခံတစ်ဦးထံ သိရပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA

<<Unicode>>

File – Image