၂၀၂၁ ခုႏွစ္အတြင္း တအာင္းတပ္မေတာ္ စစ္ေဒသမွာ လူဦးေရ (၂၅၄၃)ကို တအာင္းရုံးသုံးစာသင္တန္း ပုိ႔ခ်ႏိုင္ခဲ့

၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၂၈ ရက္


တအာင္းတပ္မေတာ္ စစ္ေဒသတြင္ ၂၀၂၁ ခုႏွစ္ တစ္ႏွစ္တာကာလအတြင္း တအာင္းျပည္သူလူထု (၂၄၅၀) ဦး ႏွင့္ TNLA တပ္သား (၉၃) ဦး စုစုေပါင္း လူဦးေရ (၂၅၄၃) ဦးကို တအာင္းရုံးသုံးစာသင္တန္း (၄၅) ႀကိမ္ ပုိ႔ခ်ၿပီးစီးခဲ့ေၾကာင္း တအာင္းစာေပျပန္႔ပြားေရးအဖြဲ႕ထံ သိရပါသည္။

တအာင္းျပည္သူလူထုအတြက္ မန္တုံၿမိဳ႕နယ္တြင္ (၁၂) ႀကိမ္ လူဦးေရ (၆၂၂) ဦး၊ နမ့္ဆန္ၿမိဳ႕နယ္တြင္ (၁၇) ႀကိမ္ လူဦးေရ (၁၂၈၇) ဦး၊ နမ့္ခမ္းၿမိဳ႕နယ္တြင္ (၈) ႀကိမ္ လူဦးေရ (၃၆၆) ဦး၊ မိုင္းေငါ့ၿမိဳ႕နယ္တြင္ (၃) ႀကိမ္ လူဦးေရ (၁၂၆) ဦး ႏွင့္ နမၼတူၿမိဳ႕နယ္တြင္ (၁) ႀကိမ္ လူဦးေရ (၄၉) ဦး ႏွင့္ TNLA တပ္သားမ်ားအတြက္ (၄) ႀကိမ္ လူဦးေရ (၉၃) ဦး စုစုေပါင္း (၄၅) ႀကိမ္ လူဦးေရ (၂၅၄၃) ဦးကို တအာင္းရုံးသုံးစာသင္တန္း ဖြင့္လွစ္သင္ၾကား ပုိ႔ခ်ေပးခဲ့သည္။

ယခု ၂၀၂၂ ခုႏွစ္တြင္လည္း နမ့္ဆန္ၿမိဳ႕နယ္ ဟိုနမ့္ေက်းရြာ၊ ေက်ာက္မဲၿမိဳ႕နယ္ ပါလင္ေက်းရြာ ႏွင့္ မာမို႔ေက်းရြာမွာ တအာင္းရုံးသုံးစာသင္တန္း ပို႔ခ်ေပးလ်က္ ရွိသည္။ ထို႔ေနာက္ မန္ေအာင္ခရိုင္၊ ေရႊလီခရိုင္ ႏွင့္ နမ့္ဆန္ခရိုင္အတြင္းရွိ တအာင္းျပည္သူမ်ားအတြက္ တအာင္းရုံးသုံးစာသင္တန္း ဆက္လက္ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း တအာင္းစာေပျပန္႔ပြားေရးအဖြဲ႕ တာဝန္ရွိသူတစ္ဦးဆီကတစ္ဆင့္ သိရသည္။

ထို႔အတူ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ႏွင့္ မတ္လတြင္ တအာင္းရုံးသုံးစာ ဆရာျဖစ္သင္တန္းကို မန္တုံၿမိဳ႕ ဟိုခိုရပ္ကြက္တြင္ ဖြင့္လွစ္သင္ၾကားပို႔ခ်ခဲ့သည္။ သင္တန္းသူ/သား (၅၄) ဦးရွိၿပီး က်ား (၁၀) ဦး၊ မ (၄၄) ဦး ျဖစ္သည္။

၂၀၂၂ ခုႏွစ္တြင္ ဆရာျဖစ္သင္တန္း (၂) ႀကိမ္ ဆက္လက္ဖြင့္လွစ္ႏိုင္ရန္ ရည္ရြယ္ထားသည္ဟု တအာင္းစာေပျပန္႔ပြားေရးအဖြဲ႕၏ ႏွစ္ခ်ဳပ္အစီရင္ခံစာတြင္ ေရးသားထားပါသည္။

သတင္းႏွင့္ျပန္ၾကားေရးဌာန

PSLF/TNLA

<<Zawgyi>>


၂၀၂၁ ခုနှစ်အတွင်း တအာင်းတပ်မတော် စစ်ဒေသမှာ လူဦးရေ (၂၅၄၃)ကို တအာင်းရုံးသုံးစာသင်တန်း ပို့ချနိုင်ခဲ့


၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်


တအာင်းတပ်မတော် စစ်ဒေသတွင် ၂၀၂၁ ခုနှစ် တစ်နှစ်တာကာလအတွင်း တအာင်းပြည်သူလူထု (၂၄၅၀) ဦး နှင့် TNLA တပ်သား (၉၃) ဦး စုစုပေါင်း လူဦးရေ (၂၅၄၃) ဦးကို တအာင်းရုံးသုံးစာသင်တန်း (၄၅) ကြိမ် ပို့ချပြီးစီးခဲ့ကြောင်း တအာင်းစာပေပြန့်ပွားရေးအဖွဲ့ထံ သိရပါသည်။

တအာင်းပြည်သူလူထုအတွက် မန်တုံမြို့နယ်တွင် (၁၂) ကြိမ် လူဦးရေ (၆၂၂) ဦး၊ နမ့်ဆန်မြို့နယ်တွင် (၁၇) ကြိမ် လူဦးရေ (၁၂၈၇) ဦး၊ နမ့်ခမ်းမြို့နယ်တွင် (၈) ကြိမ် လူဦးရေ (၃၆၆) ဦး၊ မိုင်းငေါ့မြို့နယ်တွင် (၃) ကြိမ် လူဦးရေ (၁၂၆) ဦး နှင့် နမ္မတူမြို့နယ်တွင် (၁) ကြိမ် လူဦးရေ (၄၉) ဦး နှင့် TNLA တပ်သားများအတွက် (၄) ကြိမ် လူဦးရေ (၉၃) ဦး စုစုပေါင်း (၄၅) ကြိမ် လူဦးရေ (၂၅၄၃) ဦးကို တအာင်းရုံးသုံးစာသင်တန်း ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့သည်။

ယခု ၂၀၂၂ ခုနှစ်တွင်လည်း နမ့်ဆန်မြို့နယ် ဟိုနမ့်ကျေးရွာ၊ ကျောက်မဲမြို့နယ် ပါလင်ကျေးရွာ နှင့် မာမို့ကျေးရွာမှာ တအာင်းရုံးသုံးစာသင်တန်း ပို့ချပေးလျက် ရှိသည်။ ထို့နောက် မန်အောင်ခရိုင်၊ ရွှေလီခရိုင် နှင့် နမ့်ဆန်ခရိုင်အတွင်းရှိ တအာင်းပြည်သူများအတွက် တအာင်းရုံးသုံးစာသင်တန်း ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တအာင်းစာပေပြန့်ပွားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးဆီကတစ်ဆင့် သိရသည်။

ထို့အတူ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နှင့် မတ်လတွင် တအာင်းရုံးသုံးစာ ဆရာဖြစ်သင်တန်းကို မန်တုံမြို့ ဟိုခိုရပ်ကွက်တွင် ဖွင့်လှစ်သင်ကြားပို့ချခဲ့သည်။ သင်တန်းသူ/သား (၅၄) ဦးရှိပြီး ကျား (၁၀) ဦး၊ မ (၄၄) ဦး ဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် ဆရာဖြစ်သင်တန်း (၂) ကြိမ် ဆက်လက်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားသည်ဟု တအာင်းစာပေပြန့်ပွားရေးအဖွဲ့၏ နှစ်ချုပ်အစီရင်ခံစာတွင် ရေးသားထားပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA

<<Unicode>>
File – Image