PSLF/TNLA
<<Zawgyi>>
မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းသံဃာတော်များ (ဗဟို)၏ နှစ်ပတ်လည်အစည်းအဝေး ကျင်းပခဲ့
တအာင်းပြည်နယ်၊ ဖေဖော်ဝါရီလ ၁၅ ရက်
တအာင်းတပ်မတော် တပ်မဟာ ၂ စစ်ဒေသ နမ့်ဆန်မြို့နယ် နမ့်လင်းအုပ်စု၊ နမ့်လင်းကျေးရွာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းသံဃာတော်များ (ဗဟို) ၏ နှစ်ပတ်လည် အစည်းအဝေးကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။
မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ ကျောက်မဲ၊ မန္တလေး၊ လောက်ကိုင်၊ ဝ စသည့်မြို့နယ်မှ သံဃာတော် (၅၀) ပါး ကြွရောက်ခဲ့ပြီး နှင့် မိဘပြည်သူများ (၁၂၀) ဦး တက်ရောက်ခဲ့ကြောင်း အစည်းအဝေးသို့ ကိုယ်တိုင်ကြွရောက်သွားခဲ့သူတစ်ဦးထံ သိရပါသည်။
အစည်းအဝေးဆုံးဖြတ်ချက်မှ
ာ ၁။ တအာင်းသံဃာတော်များ၏ ရုံးသုံးစာသည် (ဘေဲ,လူမ်)ဖြစ်သည်။
၂။ လာမည့် ၁၇ ကြိမ်မြောက် ၆ လပတ်အစည်းအဝေးကို နမ့်ဆန်မြို့နယ်တွင် ကျင်းပမည်။
၃။ မြို့နယ်တိုင်းတွင် သံဃာတော်များသည် ရုံးသုံးစာကို သင်တန်းဖွင့်လှစ်သင်ကြားပေးမည်။
၄။ ဗဟို နှင့် မြို့နယ်တအာင်းသံဃာတော်များ၏ ကြားဖြတ်အစည်းအဝေးကို ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ကျင်းပမည်ဟု ဗဟိုအဖွဲ့ အစည်းအဝေးထုတ်ပြန်ချက်အရ သိရသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
<<Unicode>>
Credit Photo # တအာင်း သံဃာတော်များအဖွဲ့