ဒုတိယအႀကိမ္ တအာင္းရုံးသုံးစာဆရာျဖစ္သင္တန္းကို နမ့္ဆန္ၿမိဳ႕နယ္တြင္ ဖြင့္လွစ္

တအာင္းျပည္နယ္၊ ေဖေဖာ္ဝါရီ ၁၅ ရက္


တအာင္းတပ္မေတာ္ တပ္မဟာ ၂ စစ္ေဒသ နမ့္ဆန္ၿမိဳ႕နယ္၊ အာရမ္းအုပ္စု၊ အာရမ္းေက်းရြာတြင္ ဒုတိယႀကိမ္ေျမာက္ တအာင္းရုံးသုံးစာဆရာျဖစ္သင္တန္း (TOT) ကို ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွာ စတင္ဖြင့္လွစ္ သင္ၾကားပုိ႔ခ်ေပးေနၿပီျဖစ္ေၾကာင္း တအာင္းရုံးသုံးစာျပန္႔ပြားေရးအဖြဲ႕ထံ သိရသည္။

သင္တန္းကို (၄၅) ရက္ခန္႔ ဖြင့္လွစ္မွာျဖစ္ၿပီး အရည္အခ်င္းျပည့္ဝေသာ ဆရာ/မ (၁၂) ဦးက သင္ၾကားပို႔ခ်ေပးသြားမည္။ သင္တန္းသူ/သား (၈၁) ဦး ရွိေနၿပီး နမ့္ခမ္း၊ မန္တုံ၊ နမ့္ဆန္ၿမိဳ႕နယ္မွ နယ္ခံမ်ား ျဖစ္ၾကေၾကာင္း သိရသည္။

“သင္တန္းပို႔ခ်မယ့္ ဆရာ/မေတြ အရည္အခ်င္းရွိတဲ့အတြက္ သင္တန္းသူ/သားေတြလည္ အရည္အခ်င္းရွိမွာ ေသခ်ာတယ္”ဟု တအာင္းရုံးသုံးစာျပန္႔ပြားေရးအဖြဲ႕ ဥကၠဌက ေျပာပါသည္။

ပထမအႀကိမ္ (TOT) သင္တန္းကို ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္တြင္ မန္တုံၿမိဳ႕ ဟိုခိုရပ္ကြက္မွာ ဖြင့္လွစ္ခဲ့ၿပီး သင္တန္းသူ/သား (၅၄) ဦး ေမြးထုတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

သတင္းႏွင့္ျပန္ၾကားေရးဌာန

PSLF/TNLA

<<Zawgyi>>


ဒုတိယအကြိမ် တအာင်းရုံးသုံးစာဆရာဖြစ်သင်တန်းကို နမ့်ဆန်မြို့နယ်တွင် ဖွင့်လှစ်


တအာင်းပြည်နယ်၊ ဖေဖော်ဝါရီ ၁၅ ရက်


တအာင်းတပ်မတော် တပ်မဟာ ၂ စစ်ဒေသ နမ့်ဆန်မြို့နယ်၊ အာရမ်းအုပ်စု၊ အာရမ်းကျေးရွာတွင် ဒုတိယကြိမ်မြောက် တအာင်းရုံးသုံးစာဆရာဖြစ်သင်တန်း (TOT) ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ စတင်ဖွင့်လှစ် သင်ကြားပို့ချပေးနေပြီဖြစ်ကြောင်း တအာင်းရုံးသုံးစာပြန့်ပွားရေးအဖွဲ့ထံ သိရသည်။

သင်တန်းကို (၄၅) ရက်ခန့် ဖွင့်လှစ်မှာဖြစ်ပြီး အရည်အချင်းပြည့်ဝသော ဆရာ/မ (၁၂) ဦးက သင်ကြားပို့ချပေးသွားမည်။ သင်တန်းသူ/သား (၈၁) ဦး ရှိနေပြီး နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်မြို့နယ်မှ နယ်ခံများ ဖြစ်ကြကြောင်း သိရသည်။

“သင်တန်းပို့ချမယ့် ဆရာ/မတွေ အရည်အချင်းရှိတဲ့အတွက် သင်တန်းသူ/သားတွေလည် အရည်အချင်းရှိမှာ သေချာတယ်”ဟု တအာင်းရုံးသုံးစာပြန့်ပွားရေးအဖွဲ့ ဥက္ကဌက ပြောပါသည်။

ပထမအကြိမ် (TOT) သင်တန်းကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် မန်တုံမြို့ ဟိုခိုရပ်ကွက်မှာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ/သား (၅၄) ဦး မွေးထုတ်နိုင်ခဲ့ကြောင်း သိရသည်။

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA

<<Unicode>>