ေက်ာက္မဲမွာ အရပ္သားတစ္ဦး မိုင္းနင္းမိၿပီး အျပင္းအထန္ဒဏ္ရာရ

တအာင္းျပည္နယ္၊ ေဖေဖာ္ဝါရီလ ၂၀ ရက္


တအာင္းတပ္မေတာ္ တပ္မဟာ ၂ စစ္ေဒသ ေက်ာက္မဲၿမိဳ႕နယ္ ပုံလုံးေက်းရြာအနီးတြင္ ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔ နံနက္ (၉း၀၀) နာရီအခ်ိန္က ေက်ာက္မဲဘက္ကို အလည္သြားသည့္ အရပ္သားတစ္ဦး မိုင္းနင္းမိၿပီး အျပင္းအထန္ဒဏ္ရာရထားသည္ဟု သိရသည္။


မုိင္းနင္းမိသူမွာ မန္ေခါက္ရြာခံ ၁၇ ႏွစ္အရြယ္ မိုင္းသိန္းေအာင္ဆိုသူျဖစ္ၿပီး သူငယ္ခ်င္း (၃) ဦးႏွင့္အတူ ေက်ာက္မဲဘက္ကို အလည္သြားေနစဥ္ ပုံလုံးရြာနားမွာ တစ္ဦးတည္းအေပါ့သြားရင္း မိုင္းနင္းမိၿပီး ေပါက္ကြဲသြား တာျဖစ္တယ္လို႔ သိရပါသည္။

ေပါက္ကြဲမႈေၾကာင့္ မိုင္းသိန္းေအာင္မွာ ဘယ္မ်က္လုံးကေန ဘယ္ေျခေထာက္အထိ ဘယ္ဘက္ တစ္ျခမ္းလုံးတြင္ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ဒဏ္ရာျပင္းထန္သည့္အတြက္ လက္ရွိတြင္ လားရွိဳးျပည္သူ႔ေဆးရုံမွာ ေဆးကုသေနေၾကာင္း ေက်ာက္မဲက အိုမ္တမာဝ္းလူမႈကူညီေရးအသင္းထံ သိရသည္။

ေက်ာက္မဲၿမိဳ႕နယ္တြင္ RCSS တပ္ဖြဲ႕အပါအဝင္ SSPP တပ္မေတာ္၊ ျမန္မာ့စစ္တပ္ ႏွင့္ တအာင္းတပ္မေတာ္တို႔ အဖြဲ႕ (၄) ဖြဲ႕ သြားလာလႈပ္ရွားသည့္ နယ္ေျမျဖစ္သည္။

သတင္းႏွင့္ျပန္ၾကားေရးဌာန

PSLF/TNLA

<<Zawgyi>>


ကျောက်မဲမှာ အရပ်သားတစ်ဦး မိုင်းနင်းမိပြီး အပြင်းအထန်ဒဏ်ရာရ


တအာင်းပြည်နယ်၊ ဖေဖော်ဝါရီလ ၂၀ ရက်


တအာင်းတပ်မတော် တပ်မဟာ ၂ စစ်ဒေသ ကျောက်မဲမြို့နယ် ပုံလုံးကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်က ကျောက်မဲဘက်ကို အလည်သွားသည့် အရပ်သားတစ်ဦး မိုင်းနင်းမိပြီး အပြင်းအထန်ဒဏ်ရာရထားသည်ဟု သိရသည်။


မိုင်းနင်းမိသူမှာ မန်ခေါက်ရွာခံ ၁၇ နှစ်အရွယ် မိုင်းသိန်းအောင်ဆိုသူဖြစ်ပြီး သူငယ်ချင်း (၃) ဦးနှင့်အတူ ကျောက်မဲဘက်ကို အလည်သွားနေစဉ် ပုံလုံးရွာနားမှာ တစ်ဦးတည်းအပေါ့သွားရင်း မိုင်းနင်းမိပြီး ပေါက်ကွဲသွား တာဖြစ်တယ်လို့ သိရပါသည်။

ပေါက်ကွဲမှုကြောင့် မိုင်းသိန်းအောင်မှာ ဘယ်မျက်လုံးကနေ ဘယ်ခြေထောက်အထိ ဘယ်ဘက် တစ်ခြမ်းလုံးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သည့်အတွက် လက်ရှိတွင် လားရှိုးပြည်သူ့ဆေးရုံမှာ ဆေးကုသနေကြောင်း ကျောက်မဲက အိုမ်တမာဝ်းလူမှုကူညီရေးအသင်းထံ သိရသည်။

ကျောက်မဲမြို့နယ်တွင် RCSS တပ်ဖွဲ့အပါအဝင် SSPP တပ်မတော်၊ မြန်မာ့စစ်တပ် နှင့် တအာင်းတပ်မတော်တို့ အဖွဲ့ (၄) ဖွဲ့ သွားလာလှုပ်ရှားသည့် နယ်မြေဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA

<<Unicode>>