PSLF/TNLA အမ်ိဳးသမီးဖြံ႕ၿဖိဳးတိုးတက္ေရးဌာနစာရင္းအရ တအာင္းတပ္မေတာ္ စစ္ေဒသတြင္ ၂၀၂၁ ခုႏွစ္အတြင္း အမ်ိဳးသမီးအေပၚ အၾကမ္းဖက္မႈ အမ်ားအျပားရွိေန

၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၃၀ ရက္

တအာင္းတပ္မေတာ္ စစ္ေဒသတြင္ ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္အတြင္း အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ (၅၂) မႈ ရွိေနေၾကာင္း PSLF/TNLA အမ်ိဳးသမီးဖြံ႕ၿဖိဳးတိုးတက္ေရးဌာနမွ ကြင္းဆင္း ေကာက္ယူထားသည့္ စာရင္းအရ သိရပါသည္။

ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈ (၁) မႈ၊ မုဒိမ္းမႈ (၈) မႈ၊ လိင္ပိုင္းဆုိင္ရာ အၾကမ္းဖက္မႈ (၁) မႈ၊ အိမ္တြင္းအၾကမ္းဖက္မႈ (၁၀) မႈ၊ အိမ္ေထာင္ေရးေဖာက္ျပန္မႈ (၁၈) မႈ၊ ကာမလိမ္လည္မႈ (၇) မႈ၊ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ (၄) မႈ၊ အမ်ိဳးသမီးငယ္မ်ားအေပၚ ကာယိအိေျႏၵေစာ္ကားမႈ (၁) မႈ၊ ကြာရွင္းျပတ္စဲမႈ (၁) မႈ၊ ခိုးေျပးမႈ (၁) မႈ စုစုေပါင္း (၅၂) မႈတို႔ ျဖစ္သည္။

ထို (၅၂) မႈတြင္ အမ်ိဳးသမီးငယ္ (၈) ဦး ႏွင့္ အမ်ိဳးသမီး (၄၄) ဦး နစ္နာခဲ့ရၿပီး ေက်းရြာ (၂၀) နီးပါးတြင္ သြားေရာက္ကြင္းဆင္း၍ အမႈေကာက္ယူခဲ့တာသည္။ စီရင္ၿပီးသည့္အမႈ (၂၃) ရွိၿပီး ယခုထိ မစီရင္ရေသးသည့္အမႈ (၂၉) မႈ ရွိသည္။

PSLF/TNLA အမ်ိဳးသမီးဖြံ႕ၿဖိဳးတိုးတက္ေရးဌာနသည္ အမႈေကာက္ယူသည့္အျပင္ ေက်းရြာ (၂၉၉) ရြာက အမ်ိဳးသမီး (၁၃၆၈၁) ဦးကိုလည္း အမ်ိဳးသမီးဆိုင္ရာ အသိပညာေပးႏိုင္ခဲ့ၿပီး အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ ေလ်ာ့နည္းလာေစရန္ ႏွင့္ အမ်ိဳးသမီးမ်ားအေနျဖင့္ အၾကမ္းဖက္ခံရပါက PSLF/TNLA သို႔ ဆက္သြယ္ တိုင္ၾကားႏိုင္ေစရန္ ရည္ရြယ္ထားသည္ဟု သိရပါသည္။

အမ်ိဳးသမီးမ်ား အၾကမ္းဖက္ခံရပါက ၀၉-၇၃၁၇၉၀၄၈ သို႔ ဆက္သြယ္တုိင္ၾကားႏိုင္ေၾကာင္း အသိေပးအပ္ပါသည္။
သတင္းႏွင့္ျပန္ၾကားေရးဌာန

PSLF/TNLA

<<Zawgyi>>


PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနစာရင်းအရ တအာင်းတပ်မတော် စစ်ဒေသတွင် ၂၀၂၁ ခုနှစ်အတွင်း အမျိုးသမီးအပေါ် အကြမ်းဖက်မှု အများအပြားရှိနေ


၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်

တအာင်းတပ်မတော် စစ်ဒေသတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု (၅၂) မှု ရှိနေကြောင်း PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကွင်းဆင်း ကောက်ယူထားသည့် စာရင်းအရ သိရပါသည်။

ကိုယ်ထိလက်ရောက်ကျူးလွန်မှု (၁) မှု၊ မုဒိမ်းမှု (၈) မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (၁) မှု၊ အိမ်တွင်းအကြမ်းဖက်မှု (၁၀) မှု၊ အိမ်ထောင်ရေးဖောက်ပြန်မှု (၁၈) မှု၊ ကာမလိမ်လည်မှု (၇) မှု၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု (၄) မှု၊ အမျိုးသမီးငယ်များအပေါ် ကာယိအိန္ဒြေစော်ကားမှု (၁) မှု၊ ကွာရှင်းပြတ်စဲမှု (၁) မှု၊ ခိုးပြေးမှု (၁) မှု စုစုပေါင်း (၅၂) မှုတို့ ဖြစ်သည်။

ထို (၅၂) မှုတွင် အမျိုးသမီးငယ် (၈) ဦး နှင့် အမျိုးသမီး (၄၄) ဦး နစ်နာခဲ့ရပြီး ကျေးရွာ (၂၀) နီးပါးတွင် သွားရောက်ကွင်းဆင်း၍ အမှုကောက်ယူခဲ့တာသည်။ စီရင်ပြီးသည့်အမှု (၂၃) ရှိပြီး ယခုထိ မစီရင်ရသေးသည့်အမှု (၂၉) မှု ရှိသည်။

PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် အမှုကောက်ယူသည့်အပြင် ကျေးရွာ (၂၉၉) ရွာက အမျိုးသမီး (၁၃၆၈၁) ဦးကိုလည်း အမျိုးသမီးဆိုင်ရာ အသိပညာပေးနိုင်ခဲ့ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျော့နည်းလာစေရန် နှင့် အမျိုးသမီးများအနေဖြင့် အကြမ်းဖက်ခံရပါက PSLF/TNLA သို့ ဆက်သွယ် တိုင်ကြားနိုင်စေရန် ရည်ရွယ်ထားသည်ဟု သိရပါသည်။

အမျိုးသမီးများ အကြမ်းဖက်ခံရပါက ၀၉-၇၃၁၇၉၀၄၈ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA

<<Unicode>>