၂၀၂၁ ခုႏွစ္အတြင္း PSLF/TNLA အုပ္ခ်ဴပ္ေရးဌာနမွ ေဆာင္႐ြက္ခဲ့သည့္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား

၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၂၈ ရက္


ပေလာင္ျပည္နယ္လြတ္ေျမာက္ေရးတပ္ဦး PSLF/TNLA အုပ္ခ်ဴပ္ေရးဌာနသည္ တအာင္းတပ္မေတာ္ထိန္းခ်ဳပ္နယ္ေျမတြင္ အုပ္ခ်ဳပ္ေရးလုပ္ငန္းအျပင္ တအာင္းမိဘျပည္သူမ်ားႏွင့္အတူ စုေပါင္းၿပီး ရပ္႐ြာေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားလည္း ေဆာင္႐ြက္လ်က္ရွိသည္။

၂၀၂၁ ခုႏွစ္တြင္ ရပ္႐ြာသန႔္ရွင္းသာယာေရး (၃၅) ႐ြာ၊ လမ္း တံတားျပဳျပင္ေရး (၁၀) ႐ြာ၊ လမ္းသစ္ေဖာက္လုပ္ေရး (၁) ေနရာ လမ္းအရွည္မွာ (၆) မိုင္၊ လမ္းလုပ္ရန္ ေက်ာက္တူးေဖာ္ေရး (၁၁) ႀကိမ္၊ ေက်း႐ြာဘုန္းႀကီးေက်ာင္း ၿခံစည္းရိုးခတ္ (၁) ႐ြာ၊ ကြန္ကရစ္လမ္းခင္းက်င္းေရး (၂) ႐ြာ စသည္တို႔ကို ေဆာင္႐ြက္ၿပီးစီးခဲ့ေၾကာင္း PSLF/TNLA အုပ္ခ်ဳပ္ေရးဌာနထံ သိရွိရသည္။

အုပ္ခ်ဳပ္ေရးဌာနသည္ ဗဟိုအဆင့္၊ ခရိုင္အဆင့္၊ ၿမိဳ႕နယ္အဆင့္ ႏွင့္ တိုက္နယ္အဆင့္ အုပ္ခ်ဳပ္ေရးအဖြဲ႕ ဖြဲ႕စည္းထားၿပီး မိမိတို႔ အုပ္ခ်ဳပ္ေရးအဖြဲ႕ သီးသန့္ျဖစ္ေစ၊ တအာင္းတပ္မေတာ္ စစ္ေဒသအတြင္းရွိ မိဘျပည္သူမ်ားႏွင့္ျဖစ္ေစ စုေပါင္းၿပီး တအာင္းတပ္မေတာ္ ထိန္းခ်ဳပ္နယ္ေျမမွာ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိသည္။

ယခုႏွစ္ ၂၀၂၂ တြင္ ယခင္ႏွစ္ထက္ ပိုမိုအားစိုက္ၿပီး ရပ္႐ြာဖြံၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္သြားမည္ဟု PSLF/TNLA အုပ္ခ်ဳပ္ေရးဌာန၏ ဌာနမႉး ဗိုလ္မႉးႀကီး တားဂူးဇာရ္က ယခုႏွစ္ ႏွစ္ပတ္လည္အစည္းအေဝးမွာ ေျပာၾကားခဲ့ပါသည္။

သတင္းႏွင့္ျပန္ၾကားေရးဌာန

PSLF/TNLA

<<Zawgyi>>


၂၀၂၁ ခုနှစ်အတွင်း PSLF/TNLA အုပ်ချူပ်ရေးဌာနမှ ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချူပ်ရေးဌာနသည် တအာင်းတပ်မတော်ထိန်းချုပ်နယ်မြေတွင် အုပ်ချုပ်ရေးလုပ်ငန်းအပြင် တအာင်းမိဘပြည်သူများနှင့်အတူ စုပေါင်းပြီး ရပ်ရွာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိသည်။

၂၀၂၁ ခုနှစ်တွင် ရပ်ရွာသန့်ရှင်းသာယာရေး (၃၅) ရွာ၊ လမ်း တံတားပြုပြင်ရေး (၁၀) ရွာ၊ လမ်းသစ်ဖောက်လုပ်ရေး (၁) နေရာ လမ်းအရှည်မှာ (၆) မိုင်၊ လမ်းလုပ်ရန် ကျောက်တူးဖော်ရေး (၁၁) ကြိမ်၊ ကျေးရွာဘုန်းကြီးကျောင်း ခြံစည်းရိုးခတ် (၁) ရွာ၊ ကွန်ကရစ်လမ်းခင်းကျင်းရေး (၂) ရွာ စသည်တို့ကို ဆောင်ရွက်ပြီးစီးခဲ့ကြောင်း PSLF/TNLA အုပ်ချုပ်ရေးဌာနထံ သိရှိရသည်။

အုပ်ချုပ်ရေးဌာနသည် ဗဟိုအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် နှင့် တိုက်နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းထားပြီး မိမိတို့ အုပ်ချုပ်ရေးအဖွဲ့ သီးသန့်ဖြစ်စေ၊ တအာင်းတပ်မတော် စစ်ဒေသအတွင်းရှိ မိဘပြည်သူများနှင့်ဖြစ်စေ စုပေါင်းပြီး တအာင်းတပ်မတော် ထိန်းချုပ်နယ်မြေမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ယခုနှစ် ၂၀၂၂ တွင် ယခင်နှစ်ထက် ပိုမိုအားစိုက်ပြီး ရပ်ရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု PSLF/TNLA အုပ်ချုပ်ရေးဌာန၏ ဌာနမှူး ဗိုလ်မှူးကြီး တားဂူးဇာရ်က ယခုနှစ် နှစ်ပတ်လည်အစည်းအဝေးမှာ ပြောကြားခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA

<<Unicode>>
File – Image