တောင်သူများနှင့် တိရိ စ္ဆာန်မွေးမြူထားသူတို့အကြား ပြဿနာမဖြစ်ပွားစေရန် -PSLF အမိန့်ကြော်ငြာစာ

အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၄
ရက်စွဲ။   ။ ၃၀ ရက်၊ မေလ၊ ၂၀၁၄ ခု

(၁) စိုက်ပျိုးရာသီအချိန်တွင် ကျွဲ၊ နွား၊ မြင်း၊ ဆိတ်၊ သိုး၊ ဝက်၊ ကြက်နှင့် အခြားတိရိစ္ဆာန်မွေးမြူထားသည့်
ပိုင်ရှင်များနှင့် လယ်၊ ယာခြံမြေစိုက်ပျိုးထားသူတို့အကြားပြဿနာ မဖြစ်ပွားစေရန်
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး – P.S.L.F ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှ
ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန် လိုက်သည်။

(၂) ကျွဲ၊ နွား၊ မြင်း၊ ဆိတ်၊ သိုး၊ ဝက်၊ ကြက်နှင့် အခြားတိရိစ္ဆာန်မွေးမြူထားသည့် ပိုင်ရှင်များသည်
မိမိတို့၏ အိမ်မွေး တိရိစ္ဆာန်များကို စနစ်တကျ ထိန်းကျောင်းပြီး၊ လှောင်အိမ်တွင်
လှောင်ထားခြင်း၊ သင်းကုတ်တွင် သွင်းထားခြင်းနှင့် ကြိုးဖြင့် ချည်နှောင်ခြင်း
စသည်ဖြင့် ပြုလုပ်ကြရပါမည်။

(၃) လယ်၊ ယာ၊ ခြံရှင်များသည် မိမိတို့ စိုက်ပျိုးထားသည့် လယ်ယာခြံမြေများကို
ခြံစည်းရိုးခတ်ခြင်း၊ မြောင်းတူးခြင်း စသည်ဖြင့် စနစ်တကျပြုလုပ်ထားခြင်းနှင့်
အစောင့်ထားခြင်းများ  ပြုလုပ်ကြရပါမည်။

(၄) အိမ်မွေးတိရိစ္ဆာန်ပိုင်ရှင်များနှင့် စိုက်ပျိုးခြံရှင်များသည် အထက်ပါ
ညွန်ကြားချက်တို့ကို လိုက်နာဆောင်ရွက်ခြင်း မရှိ သဖြင့် အိမ်မွေးတိရိစ္ဆာန်များကြောင့်
စိုက်ပျိုးသီးနှံများ ပျက်ဆီးဆုံးရှုံးခြင်း၊ အိမ်မွေး တိရိစ္ဆာန်များအား ပြင်းထန်စွာ
ထိခိုက် ဒဏ်ရာရသည်အထိ (သို့မဟုတ်) သေဆုံးသည်အထိ ရိုက်နှက်
ပစ်သတ်ခြင်း၊ အိမ်မွေးတိရိစ္ဆာန်ပိုင်ရှင်များနှင့် စိုက်ပျိုးခြံရှင် များအကြား
ပဋိပက္ခပြဿနာများဖြစ်ပွားခြင်း အစရှိသည့် ပြဿနာများ ဖြစ်ပွားတတ်ပါသည်။

(၅) ထိုကဲ့သို့သောပြဿနာများဖြစ်ပွားလာပါက P.S.L.F/T.N.L.A သတ်မှတ်ထားသည့်
ဥပဒေစည်းမျဉ်းအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်လိုက်သည်။

အမိန့်အရ
တားအိုမ်တမာဝ်း
ဗဟိုအထွေထွေအုပ်ချုပ်ရေးမှူး
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-P.S.L.F

PSLF’s Order for Farming and animal husbandry 02

PSLF’s Order for Farming and animal husbandry 01

မူရင်း အမိန့်ကြေညာချက် PDF ဖိုင်ကို ဤနေရာတွင် PSLF’s Order for Farming and animal husbandry ဒေါင်းလော့ယူနိုင်ပါသည်။