တအာင်းဒေသတွင်းသဘာဝသစ်တောထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ-PSLF အမိန့်ကြော်ငြာစာ

အမိန့်ကြော်ငြာစာအမှတ် ၅/၂၀၁၄

ရက်စွဲ။   ။ ၁၂ ရက်၊ ဒီဇင်ဘာလ၊ ၂၀၁၄ ခုနှစ်။
၁။ တအာင်းဒေသတွင်းရှိ သဘာဝ သစ်တောများ ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် ဤအမိန့်စာ
ထုတ်ပြန် သည့် နေ့မှ စတင်၍ အောက်ဖော်ပြပါ လုပ်ဆောင်ချက်များဖြစ်သည့် –

(က) လူနေအိမ်နှင့်ကျေးရွာပိုင် အဆောက်အအုံများဆောက်လုပ်ခြင်း
(ခ) မိသားစုအသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးမြေဖော်ဆောင်ခြင်း
(ဂ) မိသားစုအသက်မွေးဝမ်းကျောင်းအတွက် ထင်းခုတ်ခြင်း၊ မီးသွေးဖုတ်ခြင်း
စသည်တို့မှအပ – မည်သူမှ အဖိုးတန် သစ်မာများ၊ ဒေသသစ်များ ခုတ်ယူခြင်း လုံးဝ မပြုလုပ်ရန် တားမြစ်လိုက်သည်။

၂။ တအာင်းဒေသ သဘာဝသစ်တောများ ကာကွယ်ထိန်းသိမ်းရေးအတွက် ဤတားမြစ်ချက်ကို လိုက်နာခြင်း မရှိပါက
ခုတ်ယူ ထားသည့်သစ်များ၊  ယင်းနှင့်ဆက်စပ်ပစ္စည်းများဖြစ်သည့် ယာဉ်၊ စက်ယန္တာရားနှင့် လုပ်ငန်း
သုံးကိရိယာများအားလုံးကို သိမ်းယူခြင်း နှင့် ဒဏ်ငွေသတ်မှတ်အပြစ်ပေးခြင်းတို့ဖြင့် ပြင်းထန်စွာ
အရေးယူမည် ဖြစ်ကြောင်း အမိန့်ထုတ်ပြန်လိုက်ပါသည်။

အမိန့်အရ-
တားအိုမ်တမာဝ်း
ဗဟိုအထွေထွေအုပ်ချုပ်ရေးမှူး
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-P.S.L.F

PSLF’s Order for Environmental protection 12th December 2014 02 PSLF’s Order for Environmental protection 12th December 2014

 

မူရင်း အမိန့်ကြေညာချက် PDF ဖိုင်ကို ဤနေရာတွင် PSLF’s Order for Environmental protection 12th December 2014 ဒေါင်းလော့ယူနိုင်ပါသည်။