သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရှားပါးတိရိစ္ဆာန်များ ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာ -PSLF ၏ အမိန့်ကြော်ငြာစာ

အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၄
ရက်စွဲ။   ။ ၃၀ ရက်၊ မေလ၊ ၂၀၁၄ ခုနှစ်။

(၁) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ရှားပါးတိရိစ္ဆာန်များ ကာကွယ်ထိန်းသိမ်းရန်အလို့ငှာ
အောက်ပါ တိရိစ္ဆာန်များကို သတ်ဖြတ်ခြင်း၊ ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ရောင်းဝယ်ခြင်း၊
ညှဉ်းပန်းနှိပ်စက်ခြင်း စသည် တို့ကို မပြုလုပ်ရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး –
P.S.L.F ဗဟိုအထွေထွေအုပ်ချုပ်ရေး ဌာနမှ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

(၂) ဆင်၊ ကျား၊ ကျားသစ်၊ တောကျွဲ၊ တောနွား၊ သမင်၊ ကြောင်ကဒိုး၊  ၀က်ဝံ၊ လူဝံ၊ တောင်ဆိတ်၊
မျောက်လွယ်ကျော်၊ မျောက်ဖင်နီ၊ မျောက်အမြီးရှည်၊ မိချောင်း၊ လိပ်၊ သင်းခွေချပ်၊
ဇာမဏီငှက်၊ အောက်ချင်းငှက်၊ ဒေါင်း စသည့်တိရိစ္ဆာန်များကို ရှားပါးတိရိစ္ဆာန်များအဖြစ် သတ်မှတ်သည်။

(၃) အထက်ညွန်ကြားချက်ပါ တိရိစ္ဆာန်များအား သတ်ဖြတ်ခြင်း၊ ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်း၊
ညှင်းပန်း နှိပ်စက်ခြင်း၊ ရောင်းဝယ်ခြင်း စသည်တို့ကိုပြုလုပ်ပါက P.S.L.F/T.N.L.A
သတ်မှတ်ထားသည့် ဥပဒေ စည်းမျဉ်းအရ ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း¬အမိန့်ထုတ်ပြန်လိုက်သည်။

အမိန့်အရ –
တားအိုမ်တမာဝ်း
ဗဟိုအထွေထွေအုပ်ချုပ်ရေးမှူး
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF

PSLF's Order for Protect the rarest animal

PSLF's Order for Protect the rarest animal 01

မူရင်း အမိန့်ကြေညာချက် PDF ဖိုင်ကို ဤနေရာတွင်PSLF’s Order for protect the rarest animal ဒေါင်းလော့ယူနိုင်ပါသည်။