မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်း ရေသတ္တဝါများ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ PSLF – အမိန့်ကြော်ငြာစာ

အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၁၄
ရက်စွဲ။   ။ ၃၀ ရက်၊ မေလ၊ ၂၀၁၄ ခု

(၁) မြစ်၊ ချောင်း၊ အင်း၊ အိုင်များ အတွင်းရှိ ရေသတ္တ၀ါများ မျိုးသုဉ်းခြင်း၊ ရှားပါးခြင်း၊ ပပျောက်ခြင်းများ
မရှိစေရန်နှင့် ဒေသအတွင်း ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများကြိုတင် ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – P.S.L.F ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှ
ဤအမိန့်ကြော်ငြာ စာကို ထုတ်ပြန်လိုက်သည်။

(၂) မြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင် ရှော့တိုက်ခြင်း၊ ဆေးဖြန်းခြင်းကြောင့် ငါးမျိုးပြုန်းတီးခြင်း၊
အခြားရေ သတ္တ၀ါများနှင့် ၄င်းတို့၏ သားလောင်းများ၊ ဥများ ပျက်စီးစေနိုင်ပြီး ရေရှည်တွင်
တအာင်းဒေသ တစ်ခုလုံး ငါးမျိုးရှားပါးခြင်း၊ ပပျောက်ခြင်းဖြစ်ပေါ်စေနိုင်ပါသည်။

(၃)  သို့ဖြစ်ပါ၍ ရေသတ္တ၀ါများကာကွယ်နိုင်ရန်နှင့် ထိန်းသိမ်းနိုင်ရန်အတွက် မြစ်၊ ချောင်း၊
အင်း၊ အိုင်များ တွင် ရှော့တိုက်ခြင်း၊ ဆေးဖြန်းခြင်းများ ပြုလုပ်ပါက P.S.L.F/T.N.L.A
သတ်မှတ်ထားသည့် ဥပဒေ စည်းမျဉ်းအရ ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်းအမိန့်ထုတ်ပြန်လိုက်သည်။

အမိန့်အရ-
တားအိုမ်တမာဝ်း
ဗဟိုအထွေထွေအုပ်ချုပ်ရေးမှူး
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF

PSLF’s Order for River Protection01

PSLF’s Order for River Protection

မူရင်း အမိန့်ကြေညာချက် PDF ဖိုင်ကို ဤနေရာတွင် PSLF’s Order for River Protection ဒေါင်းလော့ယူနိုင်ပါသည်။