လွယ်ပြက်ကျေးရွာတွင် မြန်မာစစ်တပ်ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် နေအိမ်တစ်လုံးမီးလောင်


၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်
တအာင်းပြည်နယ်၊ မိုင်းငေါ့မြို့နယ်ခွဲ၊ နမ့်တွေအုပ်စု၊ လွယ်ပြက်ကျေးရွာတွင် ယမန်နေ့(ဒီဇင်ဘာလ ၁၇ ရက်) ညနေ (၀၅း၀၀)နာရီအချိန်တွင် မြန်မာ့စစ်တပ်ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် လူနေအိမ်တစ်လုံး မီးလောင်သွားခဲ့သည်။
အဆိုပါ နေအိမ်တွင် မဆွေရင် နှင့် လွေးခင်ဦးတို့ သားမိ(၂)ဦးနေထိုင်သည့် အိမ်ဖြစ်ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲသည့်အချိန်တွင် မဆွေရင် နှင့် သူ၏သမီး လွေးခင်ဦးတို့ အသုဘအိမ်သွားကူနေသည်ဖြစ်သောကြောင့် သားမိနှစ်ဦး ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာမရှိခဲ့ပေ။
မြန်မာစစ်တပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ၎င်းတို့အိမ်နှင့်အတူ ဘေးအိမ် ပြတင်းပေါက်ကိုလည်း ထိမှန်ခဲ့သည် ဟု သိရသည်။

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA