လာရှိုးမြို့နယ်အတွင်း တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွား


၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်

တအာင်းပြည်နယ်၊ တပ်မဟာ ၄ နယ်မြေ၊ လားရှိုးမြို့နယ်၊ လားရှိုး – နမ္မတူ ကားလမ်း ပေါ် မိုင်တိုင်အမှတ် ၁၅ အနီးတွင် ယနေ့ ဒီဇင်ဘာလ ၁၉ နေ့လည် ၁၂း၄၅ နာရီအချိန်မှ မွန်းလွဲ ၁၃း၁၅ နာရီအချိန်ထိ တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ် စကခ ၁၀ ခမရ ၃၆၈ တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် မြန်မာစစ်တပ်ဖက် ထိခိုက်ကျဆုံးမှုရှိပြီး ထိခိုက်ကျဆုံးမှုအသေးစိတ်မသိရသေးပါ။
ဒီဇင်ဘာလ ၁၈ ရက်နေ့ တွင်လည်း တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ်တို့ လာရှိုးမြို့နယ် ဆင်ခိုက်ကျေးရွာအနီးတွင် တစ်နေရာ၊ နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်ကျေးရွာနှင့် လွယ်လမ်စေတီတောင်ကြောတွင် တစ်နေရာ၊ မန်တုံမြို့နယ်၊ မန်စံကျေးရွာ လမ်းခွဲအနီးတွင် တစ်နေရာ တိုက်ပွဲ (၃) နေရာ ဖြစ်ပွားခဲ့သည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားမှု (၁၇) ကြိမ်ထိ ရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA