လာရှိုး၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်တို့တွင် တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ် တိုက်ပွဲဖြစ်


၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်
တအာင်းပြည်နယ်၊ လားရှိုးမြို့နယ်၊ မန်တုံမြို့နယ် နှင့် နမ့်ဆန်မြို့နယ်တို့၌ ယနေ့ ဒီဇင်ဘာလ ၁၈ ရက်တွင် တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ် တိုက်ပွဲဖြစ်ခဲ့သည်။
တအာင်းပြည်နယ်၊ တပ်မဟာ ၆ နယ်မြေ၊ လားရှိုးမြို့နယ်၊ ဆင်ခိုက်ရွာအနီးတွင် တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ် စကခ ၁၀၊ ခမရ ၃၆၄ တို့ ယနေ့ နံနက်(၀၃း၀၀)နာရီအချိန်တွင် ၁ ကြိမ်၊ တပ်မဟာ ၂ နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်ရွာနှင့် လွယ်လမ်စေတီတောင်ကြားတွင် တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ် တပ်မ ၈၈၊ ခမရ ၄၁၅၊ ခမရ ၁၀၃ တို့ နံနက် (၀၈း၅၅) နာရီအချိန်တွင် ၁ ကြိမ်၊ တပ်မဟာ ၃ နယ်မြေ၊ မန်တုံမြို့နယ်၊ မန်စံရွာလမ်းခွဲအနီးတွင် တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ် တပ်မ ၁၀၁၊ ခလရ ၂၅၅ တို့ ၁ ကြိမ် အသီးသီး တိုက်ပွဲဖြစ်ခဲ့သည်။
တိုက်ပွဲတွင် မြန်မာစစ်တပ်ဖက် ထိခိုက်ကျဆုံးမှုရှိပြီး ထိခိုက်ကျဆုံးမှုအသေးစိတ်မသိရသေးပါ။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားမှု (၁၆) ကြိမ်အထိ ရှိလာပြီဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA