တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲ (၂)နေရာ ဖြစ်ပွား


၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်
တအာင်းပြည်နယ်၊ နမ္မတူမြို့နယ် နှင့် မိုင်းငေါ့မြို့နယ်ခွဲတွင် ယနေ့ (ဒီဇင်ဘာလ ၁၇ ရက်) တစ်ရက်တည်း တအာင်းတပ်မတော်နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲ(၂)နေရာ ဖြစ်ပွားခဲ့သည်။
တအာင်းပြည်နယ်၊ တပ်မဟာ ၄ နယ်မြေ၊ နမ္မတူမြို့နယ်၊ မန်ကျောကျေးရွာအနီးတွင် တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ် တပ်မ ၈၈ တို့ မွန်းလွဲ(၁၅း၅၀)နာရီအချိန်တွင် တစ်နေရာ၊ တပ်မဟာ ၂ နယ်မြေ၊ မိုင်းငေါ့မြို့နယ်ခွဲ၊ နမ့်တွေကျေးရွာ အထက်နားတွင် တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ် တပ်မ ၈၈ ခမရ ၃၀၁ တို့ ညနေ(၁၇း၀၀)နာရီအချိန်တွင် တစ်နေရာ အသီးသီး တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် မြန်မာစစ်တပ်သည် တအာင်းတပ်မတော် တည်ရှိရာနေရာဘက်သို့ ထိုးစစ်ဆင်အရှိန် ပိုမိုပြင်းထန်လာသည်ကို တအာင်းတပ်မတော်ဘက်မှ မိမိကိုယ်ကို ကာကွယ်ခုခံခြင်းဖြင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားမှု (၁၃) ကြိမ်အထိ ရှိလာပြီဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA