မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ အမိန့်ကြော်ငြာစာ

အမိန့်ကြော်ငြာစာအမှတ် ၄/၂၀၁၄
ရက်စွဲ။   ။ ၂၀ ရက်၊ ဇူလိုင်လ၊ ၂၀၁၄ ခုနှစ်။

(၁) တအာင်းဒေသအတွင်း မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးပြဿနာများ ကင်းစင်ပပျောက်ရန်အတွက်
မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ဘိန်းစိုက်ပျိုးခြင်း၊
သုံးစွဲခြင်းများ စသည်တို့ကို မပြုလုပ်ရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – P.S.L.F
ဗဟိုကော်မတီမှ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

(၂) ဘိန်းဖြူ၊ ဘိန်းမဲ၊ ယာမ နှင့်အခြားအဆင့်မြင့်မူးယစ်ဆေးဝါးများ အစရှိသည်တို့မှာ လူ၏စိတ်ကို
ပြောင်းလဲရူးသွပ်စေ တတ်သော မူးယစ်ဆေးဝါးများဖြစ်သည်။

(၃) တအာင်းဒေသအတွင်း မည်သည့်နေရာဒေသတွင်မဆို ဘိန်းဖြူ၊ ဘိန်းမဲ၊ ယာမ ရောင်းဝယ်ခြင်း၊
ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ဘိန်းစိုက်ပျိုးခြင်း၊ သုံးစွဲခြင်းများ လုံးဝ မပြုလုပ်ရ။

(၄) နမ့်ခမ်း-ပန်းဆေး၊ ကွတ်ခိုင်၊ တာမိုးညဲ၊ ရှောက်ဟော်-လုံထန် အစရှိသည့် ဘိန်းစိုက်ပျိုးထုတ်လုပ်ရာ
ဒေသများတွင် ဘိန်းခြံလုပ်ငန်းများ၊ ဘိန်းဖြူနှင့်ယာမ ထုတ်လုပ်ရေးလုပ်ငန်းများတွင်
တအာင်းဒေသအတွင်း နေထိုင်ကြသည့် မိဘပြည် သူများ မည်သူမှ သွားရောက်လုပ်ကိုင်ခြင်း မပြုရ။

(၅) အထက်ပါညွန်ကြားချက်များ ဖောက်ဖျက်ကျူးလွန်သည်ကို တွေ့ရှိပါက ဖမ်းဆီးစစ်ဆေးပြီး
P.S.L.F/T.N.L.A သတ်မှတ် ထားသည့် ဥပဒေ စည်းမျဉ်းအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း
အမိန့်ထုတ်ပြန်လိုက်သည်။

အမိန့်အရ-
တားအိုမ်တမာဝ်း
ဗဟိုအထွေထွေအုပ်ချုပ်ရေးမှူး
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-P.S.L.F

Anti-Drug Law 2014

PSLF’s Order for Anti – Drug Action

မူရင်း အမိန့်ကြေညာချက် PDF ဖိုင်ကို ဤနေရာတွင် PSLF’s Order for Anti – Drug Action  ဒေါင်းလော့ယူနိုင်ပါသည်။