PSLF/TNLAမှ ကျေးဇူးမှတ်တမ်းတင်ခြင်း

ရက်စွဲ။  ။နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၁၄

မြန်မာ့တပ်မတော်မှ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ၁၉ ရက် နိုဝင်ဘာလ
၂၀၁၄ ခုနှစ်တွင် ကျဆုံးခဲ့ရသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း များမှ
မဟာမိတ် ရဲဘော် အရာရှိလောင်းများနှင့်အတူ မိမိတို့ P.S.L.F/T.N.L.A အရာရှိလောင်းများအတွက်
ရည်စူးပြီး မြန်မာပြည် အနယ်အနယ်အရပ်ရပ်တွင် ရက်လည် ဆွမ်းသွတ်  အလှူဒါန
ပြုလုပ်အမျှတမ်းဝေခြင်း၊ ဘာသာ ပေါင်းစုံ ဆုတောင်းပွဲများပြုလုပ်ခြင်း၊ အနက်ရောင်လှုပ်ရှားမှုများပြုလုပ်ခြင်း
စသဖြင့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ဖော်ထုတ်ပြသပြီး မြန်မာ့တပ်မတော်၏
အကြမ်းဖက်လုပ်ရပ်များကို လက်မခံကြောင်း ရဲဝံ့ပြတ် သားစွာ ဆောင်ရွက်ခဲ့ကြသည့်
မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ တိုင်းရင်းသား မိဘညီအစ်ကို မောင်နှမများ အားလုံးကို
မိမိတို့ P.S.L.F/T.N.L.A မှ အထူးကျေးဇူးတင် ရှိကြောင်းမှတ်တမ်းပြုအပ်ပါသည်။

အမျိုးသားလွတ်မြောက်ရေးအတွက် အသက်ပေးလှူခဲ့သည့် အရာရှိလောင်းများအား ဂုဏ်ပြုခြင်းနှင့်
အတူ တိုင်းရင်းသားမိဘပြည်သူများနှင့်အစဉ်လက်တွဲကာ အမှန်တကယ်ငြိမ်းချမ်းသာယာသော
ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ထပ်လောင်း ကတိပြုအပ်ပါသည်။

ဗဟိုကော်မတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
P.S.L.F/T.N.L.A

Thanks Letter

PSLF/TNLA မှ ကျဆုံးသွားသော မျိုးချစ်ရဲ့ဘော်များ မှတ်တမ်းဓါတ်ပုံ

unnamed ၀၁

PDF ဖိုင်ကို ဤလင့်တွင် ကျေးဇူးမှတ်တမ်းတင်ခြင်း ရယူနိုင်ပါသည်။