RCSS တပ္ဖြဲ႕၏ နယ္ေျမက်ဴးေက်ာ္ ထိုးစစ္ဆင္တိုက္ခိုက္မႈေၾကာင့္ ေဒသခံ ၈၀၀ နီးပါး ထြက္ေျပးတိမ္းေရွာင္

RCSS တပ္ဖြဲ႕၏ နယ္ေျမက်ဴးေက်ာ္ ထိုးစစ္ဆင္တိုက္ခိုက္မႈေၾကာင့္ ေဒသခံ ၈၀၀ နီးပါး ထြက္ေျပးတိမ္းေရွာင္
မုိင္းဘံင္းဂူ;၊ ဇန္နဝါရီလ ၆ ရက္
တအာင္းတပ္မေတာ္ တပ္မဟာ ၄ စစ္ေဒသ နမၼတူၿမိဳ႕နယ္တြင္ RCSS တပ္ဖြဲ႔၏ နယ္ေျမက်ဴးေက်ာ္ ထိုးစစ္ဆင္ တိုက္ခိုက္မႈေၾကာင့္ ေက်းရြာ ၅ ရြာက ေဒသခံ ၈၀၀ နီးပါး ထြက္ေျပးတိမ္းေရွာင္ေနရပါသည္။
ထိုေက်းရြာမ်ားမွာ ေညာင္ဆြယ္ေက်းရြာ၊ မုိက္ဟုန္းေက်းရြာ၊ လုပ္ေလေက်းရြာ၊ ပန္ခ်င္ေက်းရြာႏွင့္ နားမတ္ ေက်းရြာတို႔ျဖစ္သည္။ ေညာင္ဆြယ္ေက်းရြာႏွင့္ မုိက္ဟုန္းေက်းရြာေဒသခံ (၁၇၂) ဦးက မန္စံေက်းရြာ ဘုန္းႀကီး ေက်ာင္းသုိ႔ ထြက္ေျပးခိုလုံေနရပါသည္။
ဆက္လက္ၿပီး နားဆိုင္းေက်းရြာဘုန္းႀကီးေက်ာင္းႏွင့္ စာသင္ေက်ာင္းတြင္လည္း ေညာင္ဆြယ္ေက်းရြာ၊ မုိက္ဟုန္းေက်းရြာ ေဒသခံတစ္ခ်ိဳ႕ႏွင့္ လုပ္ေလေက်းရြာ၊ ပန္ခ်င္ေက်းရြာ၊ နားမတ္ေက်းရြာေဒသခံ (၆၀၅) ဦး တို႔က လာေရာက္ခုိလုံေနပါသည္။
RCSS တပ္ဖြဲ႕၏ ထိုးစစ္မရပ္ေသးတာေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရသည့္ ေဒသခံမ်ား ေနရပ္မျပန္ႏိုင္ေသး သလို ေက်းရြာထဲတြင္လည္း လူလတ္ပိုင္းတစ္ခ်ိဳ႕ က်န္ရွိေနေသးတယ္လို႔ သိရပါသည္။
ဇန္နဝါရီလ ၅ ရက္ေန႔တြင္လည္း နမၼတူၿမိဳ႕နယ္တြင္ RCSS တပ္ဖြဲ႕က တအာင္းတပ္မေတာ္အား ထိုးစစ္ဆင္ တုိက္ခိုက္ေနဆဲျဖစ္ပါသည္။
သတင္းႏွင့္ျပန္ၾကားေရးဌာန
PSLF/TNLA
«Zawgyi»
RCSS တပ်ဖွဲ့၏ နယ်မြေကျူးကျော် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသခံ ၈၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်
မိုင်းဘံင်းဂူ;၊ ဇန်နဝါရီလ ၆ ရက်
တအာင်းတပ်မတော် တပ်မဟာ ၄ စစ်ဒေသ နမ္မတူမြို့နယ်တွင် RCSS တပ်ဖွဲ့၏ နယ်မြေကျူးကျော် ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ကျေးရွာ ၅ ရွာက ဒေသခံ ၈၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပါသည်။
ထိုကျေးရွာများမှာ ညောင်ဆွယ်ကျေးရွာ၊ မိုက်ဟုန်းကျေးရွာ၊ လုပ်လေကျေးရွာ၊ ပန်ချင်ကျေးရွာနှင့် နားမတ် ကျေးရွာတို့ဖြစ်သည်။ ညောင်ဆွယ်ကျေးရွာနှင့် မိုက်ဟုန်းကျေးရွာဒေသခံ (၁၇၂) ဦးက မန်စံကျေးရွာ ဘုန်းကြီး ကျောင်းသို့ ထွက်ပြေးခိုလုံနေရပါသည်။
ဆက်လက်ပြီး နားဆိုင်းကျေးရွာဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတွင်လည်း ညောင်ဆွယ်ကျေးရွာ၊ မိုက်ဟုန်းကျေးရွာ ဒေသခံတစ်ချို့နှင့် လုပ်လေကျေးရွာ၊ ပန်ချင်ကျေးရွာ၊ နားမတ်ကျေးရွာဒေသခံ (၆၀၅) ဦး တို့က လာရောက်ခိုလုံနေပါသည်။
RCSS တပ်ဖွဲ့၏ ထိုးစစ်မရပ်သေးတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများ နေရပ်မပြန်နိုင်သေး သလို ကျေးရွာထဲတွင်လည်း လူလတ်ပိုင်းတစ်ချို့ ကျန်ရှိနေသေးတယ်လို့ သိရပါသည်။
ဇန်နဝါရီလ ၅ ရက်နေ့တွင်လည်း နမ္မတူမြို့နယ်တွင် RCSS တပ်ဖွဲ့က တအာင်းတပ်မတော်အား ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
«Unicode»