မန္ဘန္ရြာတြင္ ရြာသားတစ္ဦး သစ္ခုတ္ရင္း သစ္ပင္ လဲပိ၍ ေသဆုံး

မန္ဘန္ရြာတြင္ ရြာသားတစ္ဦး သစ္ခုတ္ရင္း သစ္ပင္ လဲပိ၍ ေသဆုံး
မိုင္းမာဝ္းဒါင္း၊ ဇန္နဝါရီလ ၇ ရက္

တအာင္းတပ္မေတာ္ တပ္မဟာ ၅ စစ္ေဒသ၊ ကြတ္ခိုင္ၿမိဳ႕နယ္၊ ဖယိုင္းအုပ္စု၊ မန္ဘန္(မာန္ဘာန္)ေက်းရြာတြင္ အိမ္တိုင္ျပဳလုပ္ရန္ မုိင္းအိုက္ခယ္က ဒီဇင္ဘာလ ၃၁ ရက္ေန႔မွာ သစ္ခုတ္ရင္း အပင္လဲပိလို႔ ေသဆုံးသြား ခဲ့ရသည္ဟု သိရပါသည္။
ဒီဇင္ဘာလ (၃၁) ရက္ေန႔တြင္ တာငိုႏွင့္ ယာအိုတို႔၏သား အသက္ (၂၈)ႏွစ္အရြယ္ မိုင္းအိုက္ခယ္(အခယ္) သည္ အိမ္တိုင္လုံးျပဳလုပ္ရန္ ေက်းရြာထဲက အပင္တစ္ပင္ကို ခုတ္ခဲ့ပါသည္။ အပင္လဲက်ခါနီး နံနက္(၈း၃၀) နာရီအခ်ိန္တြင္ အနီးတစ္ဝိုက္က ေနအိမ္ေပၚ မလဲက်ေအာင္ အပင္ကို တျခားတစ္ဖက္ တြန္းခ်ရင္း အပင္နဲ႔ အတူ ေရာပါသြားခဲ့သည္။ လဲက်သည့္အပင္ႏွင့္ အနားတစ္ဝိုက္က သစ္ငုတ္တစ္ခုၾကား ဦးေခါင္း ညွပ္ပိၿပီး ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ပါသည္။
ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မန္ဘန္ရြာခံတစ္ဦအား ေမးျမန္းရာတြင္ “အိမ္ေဆာက္ဖို႔ဆိုၿပီး ရြာထဲက သစ္ပင္ တစ္ပင္ကို သူခုတ္ေနတာ။ လဲေတာ့မယ့္အခ်ိန္က်မွ သူမ်ားအိမ္ေပၚလဲက်မွာစိုးလို႔ဆုိၿပီး အပင္ကို ဟိုဖက္က် ေအာင္ သူတြန္းလိုက္တာ။ အဲနဲ႔ အပင္နဲ႔ေရာပါၿပီး သစ္ငုတ္တစ္ခုနဲ႔အပင္ၾကားမွာ သူ႔ေခါင္းညွပ္ပိၿပီး ေသသြားခဲ့ တာပါ”ဟု ေျပာျပခဲ့ပါသည္။
သတင္းႏွင့္ျပန္ၾကားေရးဌာန
PSLF/TNLA
(Zawgyi)

မန်ဘန်ရွာတွင် ရွာသားတစ်ဦး သစ်ခုတ်ရင်း သစ်ပင် လဲပိ၍ သေဆုံး
မိုင်းမာဝ်းဒါင်း၊ ဇန်နဝါရီလ ၇ ရက်

တအာင်းတပ်မတော် တပ်မဟာ ၅ စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်၊ ဖယိုင်းအုပ်စု၊ မန်ဘန်(မာန်ဘာန်)ကျေးရွာတွင် အိမ်တိုင်ပြုလုပ်ရန် မိုင်းအိုက်ခယ်က ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ သစ်ခုတ်ရင်း အပင်လဲပိလို့ သေဆုံးသွား ခဲ့ရသည်ဟု သိရပါသည်။
ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် တာငိုနှင့် ယာအိုတို့၏သား အသက် (၂၈)နှစ်အရွယ် မိုင်းအိုက်ခယ်(အခယ်) သည် အိမ်တိုင်လုံးပြုလုပ်ရန် ကျေးရွာထဲက အပင်တစ်ပင်ကို ခုတ်ခဲ့ပါသည်။ အပင်လဲကျခါနီး နံနက်(၈း၃၀) နာရီအချိန်တွင် အနီးတစ်ဝိုက်က နေအိမ်ပေါ် မလဲကျအောင် အပင်ကို တခြားတစ်ဖက် တွန်းချရင်း အပင်နဲ့ အတူ ရောပါသွားခဲ့သည်။ လဲကျသည့်အပင်နှင့် အနားတစ်ဝိုက်က သစ်ငုတ်တစ်ခုကြား ဦးခေါင်း ညှပ်ပိပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ပါသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မန်ဘန်ရွာခံတစ်ဦအား မေးမြန်းရာတွင် “အိမ်ဆောက်ဖို့ဆိုပြီး ရွာထဲက သစ်ပင် တစ်ပင်ကို သူခုတ်နေတာ။ လဲတော့မယ့်အချိန်ကျမှ သူများအိမ်ပေါ်လဲကျမှာစိုးလို့ဆိုပြီး အပင်ကို ဟိုဖက်ကျ အောင် သူတွန်းလိုက်တာ။ အဲနဲ့ အပင်နဲ့ရောပါပြီး သစ်ငုတ်တစ်ခုနဲ့အပင်ကြားမှာ သူ့ခေါင်းညှပ်ပိပြီး သေသွားခဲ့ တာပါ”ဟု ပြောပြခဲ့ပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
(Unicode)