
တအာင်းပြည်နယ်၊ နမ္မတူခရိုင်၊ တပ်မဟာ ၄ နယ်မြေ၊ နမ္မတူမြို့နယ်၊ ပန်ချဲမ်ကျေးရွာအနီးတွင် (RCSS)တပ်ဖွဲ့၏ နယ်မြေကျူးကျော် ပိုမိုထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့် တအာင်းတပ်မတော်တို့ ယနေ့ ဇန်နဝါရီလ(၂)ရက်နေ့တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။
PSLF/TNLA
(Zawgyi)
RCSS တပ်ဖွဲ့က တအာင်းတပ်မတော်ကို နယ်မြေကျူးကျော် ပိုမိုထိုးစစ်ဆင် တိုက်ခိုက်
၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်
တအာင်းပြည်နယ်၊ နမ္မတူခရိုင်၊ တပ်မဟာ ၄ နယ်မြေ၊ နမ္မတူမြို့နယ်၊ ပန်ချဲမ်ကျေးရွာအနီးတွင် (RCSS)တပ်ဖွဲ့၏ နယ်မြေကျူးကျော် ပိုမိုထိုးစစ်ဆင်တိုက်ခိုက်လာမှှုကြောင့် တအာင်းတပ်မတော်တို့ယနေ့ ဇန်နဝါရီလ(၂)ရက်နေ့တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။
RCSS တပ်ဖွဲ့သည် ညောင်ဆွယ်ကျေးရွာဘက်မှ တအာင်းတပ်မတော်ရှိသည့် ပန်ချဲမ်ကျေးရွာဘက်သို့ နယ်မြေကျူးကျော် ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့် တအာင်းတပ်မတော်နှင့် ယနေ့ ညနေ(၁၆း၂၀)မိနစ်မှ (၁၆း၅၀)မိနစ်အချိန်ထိ နာရီဝက်ကြာ တိုက်ပွဲထပ်မံဖြစ်ပွားရခြင်းဖြစ်သည်။
ယခု ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့ထိ RCSS တပ်ဖွဲ့၏ နယ်မြေကျူးကျော် ပိုမိုထိုးစစ်ဆင်တိုက်ခိုက်လာ မှုကြောင့် တအာင်းတပ်မတော်(TNLA)နှင့် တိုက်ပွဲ(၄)ကြိမ် ဖြစ်ပွားခဲ့ပြီးဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
(Unicode)