ယေန႔ RCSS တပ္ဖြဲ႔ က တအာင္းတပ္မေတာ္အား ၃ ေနရာ ထပ္မံ လာေရာက္တိုက္ခိုက္

ယေန႔ RCSS တပ္ဖြဲ႔ က တအာင္းတပ္မေတာ္အား ၃ ေနရာ ထပ္မံ လာေရာက္တိုက္ခိုက္

၂၀၂၁ ခုႏွစ္ ဇန္နဝါရီလ ၃ ရက္

တအာင္းတပ္မေတာ္၊ တပ္မဟာ ၃ စစ္ေဒသ၊ နမ့္ဆန္ၿမိဳ႕နယ္ႏွင့္ ေက်ာက္မဲၿမိဳ႕နယ္ အတြင္း RCSS တပ္ဖြဲ႔က တအာင္းတပ္မေတာ္ အား ယေန႔ ဇန္န၀ါရီလ ၃ ရက္ေန႔တြင္ ၃ ေနရာ လာေရာက္တိုက္ခိုက္ခ့ဲသည္။

နမ့္ဆန္ၿမိဳ႕နယ္၊ ရဝ္နံင္ေက်းရြာအထက္ဖက္တြင္ နံနက္(၈း၂၂)နာရီမွ ေန႔လည္(၁၁း၃၀)နာရီအထိ တစ္ႀကိမ္၊ ဆက္လက္ၿပီး ေန႔လည္(၁၁း၅၈)နာရီမွ (၁၃း၀၀)နာရီအထိ တစ္ႀကိမ္ႏွင့္ ေက်ာက္မဲၿမိဳ႕နယ္၊ ေတာဖယ္ေက်းရြာဘက္တြင္ ေန႔လည္ (၁၅း၀၀)နာရီမွ (၁၅း၄၀)နာရီအထိ တစ္ႀကိမ္ စုစုေပါင္း ၃ ႀကိမ္ လာေရာက္တိုက္ခိုက္ခ့ဲသည္။

ယခု ၂၀၂၁ ခုႏွစ္ ဇန္န၀ါရီလအတြင္း RCSS တပ္ဖြဲ႔က နယ္ေျမက်ဴးေက်ာ္တိုက္ခိုက္လာမႈေၾကာင့္ တအာင္းတပ္မေတာ္ႏွင့္ ၇ ႀကိမ္တိတိ တိုက္ပြဲ ျဖစ္ပြားခ့ဲၿပီးျဖစ္သည္။
သတင္းႏွင့္ျပန္ၾကားေရးဌာန
PSLF/TNLA
(Zawgyi)
ယနေ့ RCSS တပ်ဖွဲ့ က တအာင်းတပ်မတော်အား ၃ နေရာ ထပ်မံ လာရောက်တိုက်ခိုက်

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃ ရက်

တအာင်းတပ်မတော်၊ တပ်မဟာ ၃ စစ်ဒေသ၊ နမ့်ဆန်မြို့နယ်နှင့် ကျောက်မဲမြို့နယ် အတွင်း RCSS တပ်ဖွဲ့က တအာင်းတပ်မတော် အား ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့တွင် ၃ နေရာ လာရောက်တိုက်ခိုက်ခဲ့သည်။

နမ့်ဆန်မြို့နယ်၊ ရဝ်နံင်ကျေးရွာအထက်ဖက်တွင် နံနက်(၈း၂၂)နာရီမှ နေ့လည်(၁၁း၃၀)နာရီအထိ တစ်ကြိမ်၊ ဆက်လက်ပြီး နေ့လည်(၁၁း၅၈)နာရီမှ (၁၃း၀၀)နာရီအထိ တစ်ကြိမ်နှင့် ကျောက်မဲမြို့နယ်၊ တောဖယ်ကျေးရွာဘက်တွင် နေ့လည် (၁၅း၀၀)နာရီမှ (၁၅း၄၀)နာရီအထိ တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည်။

ယခု ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း RCSS တပ်ဖွဲ့က နယ်မြေကျူးကျော်တိုက်ခိုက်လာမှုကြောင့် တအာင်းတပ်မတော်နှင့် ၇ ကြိမ်တိတိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
(Unicode)