PSLF/TNLA ထိန္းခ်ဳပ္နယ္ေျမတစ္ေနရာမွာ (၆) ႀကိမ္​ေျမာက္ BMT သင္တန္းဆင္းပြဲ က်င္းပျပဳလုပ္ခ့ဲ

၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၃၁ ရက္


ပေလာင္ျပည္နယ္လြတ္ေျမာက္ေရးတပ္ဦး PSLF/TNLA ထိန္းခ်ဳပ္နယ္ေျမတစ္ေနရာတြင္ PSLF/TNLA က်န္းမာေရးဌာနမွ ဦး​ေဆာင္ဖြင့္လွစ္သည့္ (၆) ႀကိမ္ေျမာက္ အေျခခံေဆးဝါးသင္တန္း (Basic Medical Training)ကို ဇန္နဝါရီလ ၂၇ ရက္ေန႔မွာ သင္တန္းဆင္းပြဲ က်င္းပျပဳလုပ္ခ့ဲပါသည္။
BMT သင္တန္းဆင္းပြဲသို႔ PSLF/TNLA ဥကၠဌ (၃) ဦး ႏွင့္ အေထြေထြအတြင္းေရးမႉး (၃) ဦးတို႔ ကိုယ္တိုင္တက္ေရာက္လာခ့ဲၿပီး က်န္းမာေရးဌာနမႉး ဒုဗိုလ္မႉးႀကီး တားမိုးေဟင္၊ ဒုဌာနမႉး (၁) ဒုဗိုလ္မႉးႀကီး တားမိုင္းမိုင္း၊ ဒုဌာနမႉး (၂) ဗို္လ္ႀကီး ေလြးအီက်ိန္၊ အျခားဌာနမ်ား တာဝန္႐ွိသူမ်ား၊ အရာ႐ွိ/ခံမ်ားလည္း တက္ေရာက္ခ့ဲပါသည္။ စုစုေပါင္းသင္တန္းဆင္းပြဲ တက္ေရာက္လာသူ (၁၀၈) ဦး ႐ွိသည္။
ယခု (၆) ႀကိမ္ေျမာက္ BMT သင္တန္းမွာ သင္တန္းသူ/သား (၄၉) ဦး႐ွိၿပီး က်ား (၂၁) ဦး၊ မ (၂၈) ဦး ျဖစ္သည္။ သင္တန္းကာလ (၁) ႏွစ္ခန္႔ ၾကာၿပီး (၁) Nursing Care (၂) Basic Anatomy & Physiology (၃) Infection & Desease Control (၄) Basic Dental & Eye Care (၅) Medical Ethic (၆) Basic Pharmacology (၇) Medicine (၈) Obstructive & Gynecology (၉) Child Care (၁၀) Basic Trauma Care & Surgical (၁၁) First Aid ႏွင့္ (၁၂) Community Health Promotion စသည့္ ဘာသာရပ္ (၁၂) ခုကို သင္ၾကားေပးခ့ဲပါသည္။
သင္တန္းၿပီးဆုံးသည့္ သင္တန္းသူ/သားမ်ားကို ေရွ႕တန္းေန TNLA ၏ တပ္ရင္း၊ တပ္မဟာ ႏွင့္ အရပ္သား ေက်းလက္ေဆးေပးခန္းတြင္ အလုပ္ခြဲေဝ ​ေပးအပ္သြားမွာျဖစ္ေၾကာင္း က်န္းမာေရးဌာနထံ သိ႐ွိရပါသည္။
BMT သင္တန္းဖြင့္ရသည့္ ရည္ရြယ္ခ်က္မွာ တအာင္းတပ္မေတာ္အတြင္း ႏွင့္ တအာင္းျပည္နယ္အတြင္း႐ွိ တအာင္းလူမ်ိဳးမ်ားသာမက လူမ်ိဳးဘာသာမေရြး က်န္းမာေရးေစာင့္ေ႐ွာက္မႈ အျပည့္အဝ ရ႐ွိေစရန္ ျဖစ္သည္။
ယခု ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလအထိ BMT သင္တန္း (၆) ႀကိမ္ ဖြင့္လွစ္ႏိုင္ခ့ဲၿပီး စုစုေပါင္း လူဦးေရ (၅၀၀) ေက်ာ္ကို ေမြးထုတ္ႏိုင္ခ့ဲၿပီးျဖစ္သည္။
ထို႔အျပင္ (၇) ႀကိမ္ေျမာက္ BMT သင္တန္းကိုလည္း ယခုႏွစ္အတြင္းမွာ ဆက္လက္ဖြင့္လွစ္သြားမည္ျဖစ္ၿပီး အရပ္သား တအာင္းအရပ္သားျပည္သူလူထုအတြက္ သီးသန္႔ဖြင့္လွစ္ေပးသည့္ BMT သင္တန္းျဖစ္သည္ဟု BMT သင္တန္း တာဝန္ခံတစ္ဦးထံ သိရသည္။
သတင္းႏွင့္ျပန္ၾကားေရးဌာန

PSLF/TNLA

<<Zawgyi>>


PSLF/TNLA ထိန်းချုပ်နယ်မြေတစ်နေရာမှာ (၆) ကြိမ်မြောက် BMT သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့


၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်နယ်မြေတစ်နေရာတွင် PSLF/TNLA ကျန်းမာရေးဌာနမှ ဦးဆောင်ဖွင့်လှစ်သည့် (၆) ကြိမ်မြောက် အခြေခံဆေးဝါးသင်တန်း (Basic Medical Training)ကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
BMT သင်တန်းဆင်းပွဲသို့ PSLF/TNLA ဥက္ကဌ (၃) ဦး နှင့် အထွေထွေအတွင်းရေးမှူး (၃) ဦးတို့ ကိုယ်တိုင်တက်ရောက်လာခဲ့ပြီး ကျန်းမာရေးဌာနမှူး ဒုဗိုလ်မှူးကြီး တားမိုးဟေင်၊ ဒုဌာနမှူး (၁) ဒုဗိုလ်မှူးကြီး တားမိုင်းမိုင်း၊ ဒုဌာနမှူး (၂) ဗိုလ်ကြီး လွေးအီကျိန်၊ အခြားဌာနများ တာဝန်ရှိသူများ၊ အရာရှိ/ခံများလည်း တက်ရောက်ခဲ့ပါသည်။ စုစုပေါင်းသင်တန်းဆင်းပွဲ တက်ရောက်လာသူ (၁၀၈) ဦး ရှိသည်။
ယခု (၆) ကြိမ်မြောက် BMT သင်တန်းမှာ သင်တန်းသူ/သား (၄၉) ဦးရှိပြီး ကျား (၂၁) ဦး၊ မ (၂၈) ဦး ဖြစ်သည်။ သင်တန်းကာလ (၁) နှစ်ခန့် ကြာပြီး (၁) Nursing Care (၂) Basic Anatomy & Physiology (၃) Infection & Desease Control (၄) Basic Dental & Eye Care (၅) Medical Ethic (၆) Basic Pharmacology (၇) Medicine (၈) Obstructive & Gynecology (၉) Child Care (၁၀) Basic Trauma Care & Surgical (၁၁) First Aid နှင့် (၁၂) Community Health Promotion စသည့် ဘာသာရပ် (၁၂) ခုကို သင်ကြားပေးခဲ့ပါသည်။
သင်တန်းပြီးဆုံးသည့် သင်တန်းသူ/သားများကို ရှေ့တန်းနေ TNLA ၏ တပ်ရင်း၊ တပ်မဟာ နှင့် အရပ်သား ကျေးလက်ဆေးပေးခန်းတွင် အလုပ်ခွဲဝေ ပေးအပ်သွားမှာဖြစ်ကြောင်း ကျန်းမာရေးဌာနထံ သိရှိရပါသည်။
BMT သင်တန်းဖွင့်ရသည့် ရည်ရွယ်ချက်မှာ တအာင်းတပ်မတော်အတွင်း နှင့် တအာင်းပြည်နယ်အတွင်းရှိ တအာင်းလူမျိုးများသာမက လူမျိုးဘာသာမရွေး ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ ရရှိစေရန် ဖြစ်သည်။
ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ BMT သင်တန်း (၆) ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး စုစုပေါင်း လူဦးရေ (၅၀၀) ကျော်ကို မွေးထုတ်နိုင်ခဲ့ပြီးဖြစ်သည်။
ထို့အပြင် (၇) ကြိမ်မြောက် BMT သင်တန်းကိုလည်း ယခုနှစ်အတွင်းမှာ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး အရပ်သား တအာင်းအရပ်သားပြည်သူလူထုအတွက် သီးသန့်ဖွင့်လှစ်ပေးသည့် BMT သင်တန်းဖြစ်သည်ဟု BMT သင်တန်း တာဝန်ခံတစ်ဦးထံ သိရသည်။
သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA

<<Unicode>>