သီေပါ ႏွင့္ ေက်ာက္မဲၿမိဳ႕နယ္အတြင္းရွိ တအာင္းေက်းရြာ (၃၅) ရြာမွ မိဘျပည္သူလူထုကို PSLF/TNLA ထိပ္ပိုင္းေခါင္းေဆာင္မ်ား သြားေရာက္ေတြ႕ဆုံ

၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၃၁ ရက္


တအာင္းတပ္မေတာ္ တပ္မဟာ ၂ စစ္ေဒသ သီေပါ ႏွင့္ ေကၽာက္မဲၿမိဳ႕နယ္အတြင္း႐ွိ တအာင္းေက်းရြာ (၃၅) ရြာမွ မိဘျပည္သူလူထု (၂၀၀၀) နီးပါးကို PSLF/TNLA ထိပ္ပိုင္းေခါင္းေဆာင္မ်ား ယခု ဇန္နဝါရီလအတြင္းမွာ သြားေရာက္ေတြ႔ဆုံခ့ဲပါသည္။
သြားေရာက္သည့္ ထိပ္ပိုင္းေခါင္းေဆာင္မ်ားမွာ ပေလာင္ျပည္နယ္လြတ္ေျမာက္ေရးတပ္ဦး PSLF/TNLA ဥကၠဌ ဒုဗိုလ္ခ်ဳပ္ႀကီး တားအိုက္ဘုန္း၊ ဒုဥကၠဌ (၁) ဗိုလ္ခ်ဳပ္ တားဂ်ဳတ္ဂ်ား၊ ဒုဥကၠဌ (၂) ဗိုလ္မႉးခ်ဳပ္ တားခူးလာင္း၊ အေထြေထြအတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ တားဘုန္းေက်ာ္၊ ဒုအေထြေထြအတြင္းေရးမႉး (၂) ဒုဗိုလ္မႉးႀကီး တားပါင္လ၊ အုပ္ခ်ဳပ္ေရးမႉး ဗိုလ္မႉးႀကီး တားဂူ;ဇာရ္၊ တအာင္းစာေပျပန္႔ပြားေရးဌာနမႉး ဒုဗိုလ္မႉးႀကီး တားဆိုရ္ယ္ုမ္ ႏွင့္ တပ္မဟာ (၂) တပ္မဟာမႉး တားေနာင္ခ်ိဳတို႔ ျဖစ္ၾကသည္။
ဇန္နဝါရီလ ၂၁ ရက္ေန႔ ခြန္​ေကာ္ေက်းရြာမွာ သီေပါၿမိဳ႕နယ္ တအာင္းေက်းရြာ (၇) ရြာမွ ျပည္သူလူထု (၁၅၀) ဝန္းက်င္ ႏွင့္ ဇန္နဝါရီလ ၂၄ ရက္ေန႔ ဟူးကြက္ေက်းရြာမွာ ေက်ာက္မဲၿမိဳ႕နယ္ တအာင္းေက်းရြာ (၂၈) ရြာမွ ျပည္သူလူထု (၁၅၀၀) ေက်ာ္တို႔ကို ေတြ႔ဆုံခ့ဲသည္။
ေတြ႕ဆုံပြဲတြင္ PSLF/TNLA သမိုင္းေၾကာင္း၊ လက္ရွိႏိုင္ငံေရးအေျခအေန၊ အုပ္ခ်ဳပ္ေရး၊ စီးပြားေရး၊ ေဒသဖြံ႔ၿဖိဳးေရး၊ လူသားအရင္းအျမစ္စြမ္းရည္ျမႇင့္တင္ေရး၊ လမ္းပန္းဆက္သြယ္ေရး စသည့္လုပ္ငန္းေဆာင္တာမ်ား ေဆြးေႏြးခဲ့ၾကၿပီး မိဘျပည္သူမ်ား၏ လိုအပ္ခ်က္ႏွင့္ ေမးျမန္းလိုသည့္ အေၾကာင္းအရာမ်ားအား တင္ျပေစကာ PSLF/TNLA ထုတ္ ၂၀၂၂ ခုႏွစ္ ျပကၡဒိန္ ႏွင့္ စာအုပ္မ်ားကိုလည္း မိဘျပည္သူမ်ားအား မၽွေဝေပးအပ္ခဲ့သည္။
PSLF/TNLA ထိပ္ပိုင္းေခါင္းေဆာင္မ်ားအေနျဖင့္ သီေပါ ႏွင့္ ​ေက်ာက္မဲၿမိဳ႕နယ္ခံ ျပည္သူလူထုကို သြားေရာက္ေတြ႔ဆုံျခင္းသည္ ပထမဆုံးအႀကိမ္ျဖစ္သည္။


သတင္းႏွင့္ျပန္ၾကားေရးဌာန

PSLF/TNLA

<<Zawgyi>>


သီပေါ နှင့် ကျောက်မဲမြို့နယ်အတွင်းရှိ တအာင်းကျေးရွာ (၃၅) ရွာမှ မိဘပြည်သူလူထုကို PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များ သွားရောက်တွေ့ဆုံ


၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်


တအာင်းတပ်မတော် တပ်မဟာ ၂ စစ်ဒေသ သီပေါ နှင့် ကျောက်မဲမြို့နယ်အတွင်းရှိ တအာင်းကျေးရွာ (၃၅) ရွာမှ မိဘပြည်သူလူထု (၂၀၀၀) နီးပါးကို PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များ ယခု ဇန်နဝါရီလအတွင်းမှာ သွားရောက်တွေ့ဆုံခဲ့ပါသည်။
သွားရောက်သည့် ထိပ်ပိုင်းခေါင်းဆောင်များမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ ဒုဥက္ကဌ (၁) ဗိုလ်ချုပ် တားဂျုတ်ဂျား၊ ဒုဥက္ကဌ (၂) ဗိုလ်မှူးချုပ် တားခူးလာင်း၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ ဒုအထွေထွေအတွင်းရေးမှူး (၂) ဒုဗိုလ်မှူးကြီး တားပါင်လ၊ အုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး တားဂူ;ဇာရ်၊ တအာင်းစာပေပြန့်ပွားရေးဌာနမှူး ဒုဗိုလ်မှူးကြီး တားဆိုရ်ယ်ုမ် နှင့် တပ်မဟာ (၂) တပ်မဟာမှူး တားနောင်ချိုတို့ ဖြစ်ကြသည်။
ဇန်နဝါရီလ ၂၁ ရက်နေ့ ခွန်ကော်ကျေးရွာမှာ သီပေါမြို့နယ် တအာင်းကျေးရွာ (၇) ရွာမှ ပြည်သူလူထု (၁၅၀) ဝန်းကျင် နှင့် ဇန်နဝါရီလ ၂၄ ရက်နေ့ ဟူးကွက်ကျေးရွာမှာ ကျောက်မဲမြို့နယ် တအာင်းကျေးရွာ (၂၈) ရွာမှ ပြည်သူလူထု (၁၅၀၀) ကျော်တို့ကို တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် PSLF/TNLA သမိုင်းကြောင်း၊ လက်ရှိနိုင်ငံရေးအခြေအနေ၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူသားအရင်းအမြစ်စွမ်းရည်မြှင့်တင်ရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်လုပ်ငန်းဆောင်တာများ ဆွေးနွေးခဲ့ကြပြီး မိဘပြည်သူများ၏ လိုအပ်ချက်နှင့် မေးမြန်းလိုသည့် အကြောင်းအရာများအား တင်ပြစေကာ PSLF/TNLA ထုတ် ၂၀၂၂ ခုနှစ် ပြက္ခဒိန် နှင့် စာအုပ်များကိုလည်း မိဘပြည်သူများအား မျှဝေပေးအပ်ခဲ့သည်။
PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များအနေဖြင့် သီပေါ နှင့် ကျောက်မဲမြို့နယ်ခံ ပြည်သူလူထုကို သွားရောက်တွေ့ဆုံခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA

<<Unicode>>