ျမန္မာစစ္တပ္မွ ေသနတ္ျဖင့္ ရမ္းသမ္းပစ္ခတ္ေသာေၾကာင့္ ေကာင္းတပ္႐ြာခံ အမ်ိဳးသမီး(၁)ဦး၏ ဦးေခါင္းအား ထိမွန္ ဒဏ္ရာရရွိ

၂၀၂၂ ခုႏွစ္ ၊ ဇန္နဝါရီလ ၂၁ ရက္


တအာင္းတပ္မေတာ္ တပ္မဟာ ၁ စစ္ေဒသ နမ့္ခမ္ၿမိဳ႕နယ္အတြင္း ျမန္မာစစ္တပ္မွ ေသနတ္ျဖင့္ ရမ္းသမ္းပစ္ခတ္ေသာေၾကာင့္ ဘုရားရွိခိုးေနသည့္ ေကာင္းတပ္႐ြာခံ အမ်ိဳးသမီး(၁)ဦး၏ ဦးေခါင္းအား ထိမွန္ၿပီး ဒဏ္ရာရရွိခဲ့သည္။

ဇန္နဝါရီ ၁၉ ရက္ေန႔ ည(၈း၀၀)နာရီအခ်ိန္ နမ့္ခမ္းၿမိဳ႕နယ္ ရပ္ကြက္(၁) မန္ခမ္းစစ္ေဆးေရးဂိတ္တြင္ တပ္စြဲထားသည့္ ျမန္မာစစ္တပ္ ခမရ-၂၄၆ မွ ေသနတ္ျဖင့္ (၁၀)ခ်က္မနည္း ပစ္ခတ္ခဲ့ေသာေၾကာင့္ အသက္ (၆၀)ေက်ာ္အ႐ြယ္ရွိ ယာအီစိန္ ဦးေခါင္းအား ထိမွန္ခဲ့သည္။

ထိုျပင္ ရပ္ကြက္(၂) ေနာင္စန႔္ကုန္းရွိ မီးသတ္႐ုံးတြင္ တပ္စြဲထားတဲ့ အဖြဲ႕ကလည္း ေသနတ္(၃)ခ်က္ ထပ္မံ ရမ္းသမ္းပစ္ခတ္ခဲ့သည္။

” အဲ႔ေန႔က ေကာင္းတပ္ေက်း႐ြာေန အသက္(၆၀)ေက်ာ္အ႐ြယ္ ယာအီစိန္ ဘုရားရွိခိုးေနခ်ိန္မွာ ျမန္မာစစ္တပ္ ပစ္ခတ္လိုက္သည့္ က်ည္ဆံက အိမ္ေခါင္မိုးကေန ေဖာက္ထြက္လာၿပီး သူရဲ႕ ဦးေခါင္းကို ထိမွန္ခဲ့တယ္၊ ဒဏ္ရာ သိပ္မျပင္းထန္တာေၾကာင့္ ေနအိမ္မွာဘဲ ေဆးကုသခံယူေနတယ္၊ ညညဆို သူတို႔က ေသနတ္ပစ္ေဖာက္ေလ့ ရွိတယ္ ” လို႔ ေဒသခံတစ္ဦးမွ ေျပာျပခဲ့သည္။

ဇန္နဝါရီလ ၅ ရက္ေန႔တြင္ တအာင္းတပ္မေတာ္ TNLA ႏွင့္ ျမန္မာစစ္တပ္တို႔ ေနာင္စန႔္ကုန္းရပ္ကြက္အတြင္း တိုက္ပြဲျဖစ္ပြားရာတြင္ ျမန္မာစစ္တပ္မွ စခန္းတစ္ တပ္စခန္းကုန္းကေန လက္နက္ႀကီးျဖင့္ ရမ္းသမ္းပစ္ခတ္ခဲ့ေသာေၾကာင့္ ၂ ႏွစ္ အ႐ြယ္ ကေလးငယ္တစ္ဦး အပါအဝင္ ေဒသခံ (၆)ဦး ဒဏ္ရာရရွိခဲ့ၿပီး လူေနအိမ္(၁၀)အိမ္ေက်ာ္ကိုလည္း ထိမွန္ပ်က္စီးခဲ့သည္။

သတင္းႏွင့္ျပန္ၾကားေရးဌာန

PSLF/TNLA

<<Zawgyi>>


မြန်မာစစ်တပ်မှ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်သောကြောင့် ကောင်းတပ်ရွာခံ အမျိုးသမီး(၁)ဦး၏ ဦးခေါင်းအား ထိမှန် ဒဏ်ရာရရှိ


၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလ ၂၁ ရက်


တအာင်းတပ်မတော် တပ်မဟာ ၁ စစ်ဒေသ နမ့်ခမ်မြို့နယ်အတွင်း မြန်မာစစ်တပ်မှ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်သောကြောင့် ဘုရားရှိခိုးနေသည့် ကောင်းတပ်ရွာခံ အမျိုးသမီး(၁)ဦး၏ ဦးခေါင်းအား ထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။

ဇန်နဝါရီ ၁၉ ရက်နေ့ ည(၈း၀၀)နာရီအချိန် နမ့်ခမ်းမြို့နယ် ရပ်ကွက်(၁) မန်ခမ်းစစ်ဆေးရေးဂိတ်တွင် တပ်စွဲထားသည့် မြန်မာစစ်တပ် ခမရ-၂၄၆ မှ သေနတ်ဖြင့် (၁၀)ချက်မနည်း ပစ်ခတ်ခဲ့သောကြောင့် အသက် (၆၀)ကျော်အရွယ်ရှိ ယာအီစိန် ဦးခေါင်းအား ထိမှန်ခဲ့သည်။

ထိုပြင် ရပ်ကွက်(၂) နောင်စန့်ကုန်းရှိ မီးသတ်ရုံးတွင် တပ်စွဲထားတဲ့ အဖွဲ့ကလည်း သေနတ်(၃)ချက် ထပ်မံ ရမ်းသမ်းပစ်ခတ်ခဲ့သည်။

” အဲ့နေ့က ကောင်းတပ်ကျေးရွာနေ အသက်(၆၀)ကျော်အရွယ် ယာအီစိန် ဘုရားရှိခိုးနေချိန်မှာ မြန်မာစစ်တပ် ပစ်ခတ်လိုက်သည့် ကျည်ဆံက အိမ်ခေါင်မိုးကနေ ဖောက်ထွက်လာပြီး သူရဲ့ ဦးခေါင်းကို ထိမှန်ခဲ့တယ်၊ ဒဏ်ရာ သိပ်မပြင်းထန်တာကြောင့် နေအိမ်မှာဘဲ ဆေးကုသခံယူနေတယ်၊ ညညဆို သူတို့က သေနတ်ပစ်ဖောက်လေ့ ရှိတယ် ” လို့ ဒေသခံတစ်ဦးမှ ပြောပြခဲ့သည်။

ဇန်နဝါရီလ ၅ ရက်နေ့တွင် တအာင်းတပ်မတော် TNLA နှင့် မြန်မာစစ်တပ်တို့ နောင်စန့်ကုန်းရပ်ကွက်အတွင်း တိုက်ပွဲဖြစ်ပွားရာတွင် မြန်မာစစ်တပ်မှ စခန်းတစ် တပ်စခန်းကုန်းကနေ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ၂ နှစ် အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ (၆)ဦး ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်(၁၀)အိမ်ကျော်ကိုလည်း ထိမှန်ပျက်စီးခဲ့သည်။

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA

<<Unicode>>