ကုန္းဆာရြာသား တစ္ဦး မုိင္းနင္းမိၿပီး ညာဘက္ေျခေထာက္ ပ်က္စီးဆုံးရႈံး

၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၁၃ ရက္

တအာင္းတပ္မေတာ္ တပ္မဟာ ၅ စစ္ေဒသ ကြတ္ခုိင္ၿမိဳ႕နယ္ အင္းမိန္းအုပ္စု ကုန္းဆာရြာသား တစ္ဦး ထင္းေခြသြားရင္း မီးေသြးက်င္းအနီးတြင္ မုိင္းနင္းမိၿပီး ညာဘက္ေျခေထာက္ ပ်က္စီးဆုံးရႈံးသြားခဲ့သည္။

ဇန္နဝါရီလ ၁၂ ရက္ေန႔ ညေန(၅း၀၀)နာရီအခ်ိန္ မုိင္းအေလာဝ္ဆာ အသက္(၂၇)ႏွစ္သည္ ရြာအနီးနားက ေတာထဲတြင္ ထင္းေခြသြားရင္း မထင္မွတ္ဘဲ မုိင္းနင္းမိခဲ့သည္။မိုင္းသံေၾကာင့္ ေက်းရြာသားမ်ားမွ သြားေရာက္ၾကည္႔ရာ မုိင္းနင္းမိထားၿပီး ညာဘက္ေျခေထာက္ ထိခုိက္ပ်က္စီးေနတဲ့ မုိင္းအေလာဝ္ဆာကုိ ေတြ႕ရွိခဲ့သည္။

ထုိ႕ေနာက္ ဂရုဏာလူမႈကူညီေရးအသင္းကုိ အကူညီေတာင္းၿပီး ကြတ္ခုိင္ျပည္သူ႕ေဆးရုံသုိ႕ ပုိ႕ေဆာင္ ေဆးကုသခဲ့သည္။ ေဆးကုသရာတြင္ ေငြေၾကးအခက္အခဲရွိၿပီး အကူအညီမ်ား လုိအပ္သည္ဟု သိရပါသည္။

သတင္းႏွင့္ျပန္ၾကားေရးဌာန

PSLF/TNLA


<<Zawgyi>>


ကုန်းဆာရွာသား တစ်ဦး မိုင်းနင်းမိပြီး ညာဘက်ခြေထောက် ပျက်စီးဆုံးရှုံး


၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်

တအာင်းတပ်မတော် တပ်မဟာ ၅ စစ်ဒေသ ကွတ်ခိုင်မြို့နယ် အင်းမိန်းအုပ်စု ကုန်းဆာရွာသား တစ်ဦး ထင်းခွေသွားရင်း မီးသွေးကျင်းအနီးတွင် မိုင်းနင်းမိပြီး ညာဘက်ခြေထောက် ပျက်စီးဆုံးရှုံးသွားခဲ့သည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ(၅း၀၀)နာရီအချိန် မိုင်းအလောဝ်ဆာ အသက်(၂၇)နှစ်သည် ရွာအနီးနားက တောထဲတွင် ထင်းခွေသွားရင်း မထင်မှတ်ဘဲ မိုင်းနင်းမိခဲ့သည်။မိုင်းသံကြောင့် ကျေးရွာသားများမှ သွားရောက်ကြည့်ရာ မိုင်းနင်းမိထားပြီး ညာဘက်ခြေထောက် ထိခိုက်ပျက်စီးနေတဲ့ မိုင်းအလောဝ်ဆာကို တွေ့ရှိခဲ့သည်။

ထို့နောက် ဂရုဏာလူမှုကူညီရေးအသင်းကို အကူညီတောင်းပြီး ကွတ်ခိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသခဲ့သည်။ ဆေးကုသရာတွင် ငွေကြေးအခက်အခဲရှိပြီး အကူအညီများ လိုအပ်သည်ဟု သိရပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA


<<Unicode>>