ေက်ာက္မဲၿမိဳ႕ေပၚတြင္ ထြက္ေျပးလာသည့္ စစ္ေရွာင္ဦးေရ ၇၀၀ ေက်ာ္အထိရွိလာ

ေက်ာက္မဲၿမိဳ႕ေပၚတြင္ ထြက္ေျပးလာသည့္ စစ္ေရွာင္ဦးေရ ၇၀၀ ေက်ာ္အထိရွိလာ
လိုည္းပို;လဘား၊ ဒီဇင္ဘာလ ၂၉ ရက္
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕ေပၚတြင္ ယေန႔ ဒီဇင္ဘာလ ၂၉ ရက္ေန႔အထိ ထြက္ေျပးလာသည့္ စစ္ေရွာင္ဦးေရ ၇၀၀ ေက်ာ္အထိရွိလာခဲ့ၿပီး ထိုစစ္ေရွာင္ထဲမွာ သက္ႀကီးရြယ္အုိႏွင့္ ကေလးေတြက ၄၀၀/၅၀၀ အၾကားရွိသည္ဟု စစ္ေရွာင္လာသူေတြကို ကူညီေပးသူတစ္ဦးက ဆိုပါသည္။
ေက်ာက္မဲၿမိဳ႕ရွိ ဝါဆိုေက်ာင္းတြင္ (၅၅၄)ဦး၊ သႏၱိသုခ ဓမၼစကူးေက်ာင္းတြင္ (၁၅၉)ဦးရွိၿပီျဖစ္ပါသည္။ ထို႔ေၾကာင့္ စုစုေပါင္း စစ္ေရွာင္ဦးေရ (၇၁၃)ဦးအထိ ရွိလာခဲ့ပါသည္။
ေက်ာက္မဲၿမိဳ႕ေပၚသို႔ ဒီဇင္ဘာ ၂၅ ရက္ေန႔က စတင္ေရာက္ရွိ လာခဲ့တာျဖစ္ၿပီး လြယ္အန္ရြာ၊ ေကာင္းခါးရြာ၊ ပန္မခမ္းရြာ၊ ကုန္းသာရြာ၊ ခုံငင္းရြာႏွင့္ ပန္ေလာ့ရြာ ေဒသခံမ်ား ထြက္ေျပးလာတာ ျဖစ္ပါသည္။ ယေန႔တြင္လည္း မန္စပ္ရြာေဒသခံမ်ား ထပ္မံထြက္ေျပးလာေနရဆဲ ျဖစ္သည္။
ဒီဇင္ဘာလ ၂၅ ရက္ေန႔မွစၿပီး ၂၈ ရက္ေန႔အထိ ေက်ာက္မဲၿမိဳ႕နယ္တြင္ RCSS ႏွင့္ တအာင္းတပ္မေတာ္တို႔ အၾကား ရက္မျခားတိုက္ပြဲမ်ား ျဖစ္ေနၿပီး RCSS တပ္ဖြဲ႕က ေန႔စဥ္ဆက္တိုက္ ထုိးစစ္မ်ား ပိုမိုျပဳလုပ္လာေနဆဲျဖစ္သည္။
စစ္ေရွာင္လာသူမ်ားကို NGO အဖြဲ႕အစည္း၊ ၾကက္ေျခနီအသင္းႏွင့္ ေက်ာက္မဲၿမိဳ႕ အိုမ္တမာဝ္လူမႈကူညီေရး အသင္းတို႔က စားဝတ္ေနေရးႏွင့္ က်န္းမာေရးကိစၥမ်ားကို လတ္တေလာတြင္ ကူညီေဆာင္ရြက္ေပးထားၿပီး စစ္ေ႐ွာင္မ်ားအတြက္ ေစာင္အခက္အခဲျဖစ္ေနပါသည္ဟု သိရပါသည္။
သတင္းႏွင့္ျပန္ၾကားေရးဌာန
PSLF/TNLA
Photo-Facebook

<Zawgyi>
ကျောက်မဲမြို့ပေါ်တွင် ထွက်ပြေးလာသည့် စစ်ရှောင်ဦးရေ ၇၀၀ ကျော်အထိရှိလာ
လိုည်းပို;လဘား၊ ဒီဇင်ဘာလ ၂၉ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်တွင် ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ ထွက်ပြေးလာသည့် စစ်ရှောင်ဦးရေ ၇၀၀ ကျော်အထိရှိလာခဲ့ပြီး ထိုစစ်ရှောင်ထဲမှာ သက်ကြီးရွယ်အိုနှင့် ကလေးတွေက ၄၀၀/၅၀၀ အကြားရှိသည်ဟု စစ်ရှောင်လာသူတွေကို ကူညီပေးသူတစ်ဦးက ဆိုပါသည်။
ကျောက်မဲမြို့ရှိ ဝါဆိုကျောင်းတွင် (၅၅၄)ဦး၊ သန္တိသုခ ဓမ္မစကူးကျောင်းတွင် (၁၅၉)ဦးရှိပြီဖြစ်ပါသည်။ ထို့ကြောင့် စုစုပေါင်း စစ်ရှောင်ဦးရေ (၇၁၃)ဦးအထိ ရှိလာခဲ့ပါသည်။
ကျောက်မဲမြို့ပေါ်သို့ ဒီဇင်ဘာ ၂၅ ရက်နေ့က စတင်ရောက်ရှိ လာခဲ့တာဖြစ်ပြီး လွယ်အန်ရွာ၊ ကောင်းခါးရွာ၊ ပန်မခမ်းရွာ၊ ကုန်းသာရွာ၊ ခုံငင်းရွာနှင့် ပန်လော့ရွာ ဒေသခံများ ထွက်ပြေးလာတာ ဖြစ်ပါသည်။ ယနေ့တွင်လည်း မန်စပ်ရွာဒေသခံများ ထပ်မံထွက်ပြေးလာနေရဆဲ ဖြစ်သည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့မှစပြီး ၂၈ ရက်နေ့အထိ ကျောက်မဲမြို့နယ်တွင် RCSS နှင့် တအာင်းတပ်မတော်တို့ အကြား ရက်မခြားတိုက်ပွဲများ ဖြစ်နေပြီး RCSS တပ်ဖွဲ့က နေ့စဉ်ဆက်တိုက် ထိုးစစ်များ ပိုမိုပြုလုပ်လာနေဆဲဖြစ်သည်။
စစ်ရှောင်လာသူများကို NGO အဖွဲ့အစည်း၊ ကြက်ခြေနီအသင်းနှင့် ကျောက်မဲမြို့ အိုမ်တမာဝ်လူမှုကူညီရေး အသင်းတို့က စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စများကို လတ်တလောတွင် ကူညီဆောင်ရွက်ပေးထားပြီး စစ်ရှောင်များအတွက် စောင်အခက်အခဲဖြစ်နေပါသည်ဟု သိရပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
Photo-Facebook

<Unicode>