မန္ပႅါင္းရြာသားတစ္ဦးကို ျမန္မာ့စစ္တပ္မွ လမ္းျပအျဖစ္ ဖမ္းဆီးေခၚေဆာင္သြား

မန္ပႅါင္းရြာသားတစ္ဦးကို ျမန္မာ့စစ္တပ္မွ လမ္းျပအျဖစ္ ဖမ္းဆီးေခၚေဆာင္သြား

၂၀၂၀ခုႏွစ္၊ ဒီဇင္ဘာလ၊ ၂၉ ရက္
တအာင္းျပည္နယ္၊ နမၼတူခရိုင္၊ ကြတ္ခိုင္ၿမိဳ႕နယ္၊ မိုင္းယုေလးအုပ္စု၊ မန္ပႅါင္းေက်းရြာအတြင္း ဆိုင္ကယ္ျဖင့္ ခရီးျပန္လာသည့္ ရြာသားတစ္ဦးကို ျမန္မာ့စစ္တပ္ စကခ-၇၊ ခမရ-၄၂၇ တပ္ဖဲြ႕က ဒီဇင္ဘာလ ၂၆ ရက္ေန႔တြင္ လမ္းျပအျဖစ္ ဖမ္းဆီးေခၚေဆာင္သြားၿပီး ရြာသားစီးလာသည့္ ဆိုင္ကယ္ကိုပါ ရိုက္ခဲြဖ်က္စီးခဲ့သည္ဟု သိရသည္။
ဒီဇင္ဘာလ (၂၆) ရက္ေန႔ ညေန (၄း၀၀)ဝန္းက်င္အခ်ိန္တြင္ စကခ-၇၊ ခမရ-၄၂၇ တပ္ဖြဲ႕က မန္ပႅါင္းေက်းရြာထဲ ဝင္ေရာက္လာၿပီး ရြာအတြင္း ဆိုင္ကယ္ စီးလာသည့္ အရပ္သားတစ္ဦးကို ဖမ္းဆီးကာ ေက်းရြာႏွင့္လွမ္းသည့္ ေတာလမ္းဘက္ကို လမ္းျပအျဖစ္ ေခၚေဆာင္သြားခဲ့ပါသည္။
ျမန္မာ့စစ္တပ္သည္ မန္ပႅါင္းရြာသားတစ္ဦး၏ ဆိုင္ကယ္ကို ဖ်က္ဆီးပစ္သည့္အျပင္ ၄င္းထံ ပိုက္ဆံပါ အတင္း အဓမၼ ေတာင္းယူခဲ့သည္။ ညေန (၅း၀၀)နာရီဝန္းက်င္အခ်ိန္တြင္ ျမန္မာ့စစ္တပ္ထံမွ ရြာသားလြတ္ေျမာက္ၿပီး ေက်းရြာသုိ႔ ျပန္လည္ေရာက္ရွိလာခဲ့သည္ဟု သိရပါသည္။
လြတ္ေျမာက္လာသူ ရြာသားက “ ဆိုင္ကယ္လည္း သူတို႔ ဖ်က္ဆီးလုိက္တယ္။ ေတာထဲေရာက္ေတာ့ က်ေနာ့္ ကို ပိုက္ဆံ အတင္းေတာင္းတယ္။ က်ေနာ္လည္း ပိုက္ဆံမရွိဘူးလို႔ပဲ ေျပာလိုက္တယ္”လို႔ ေျပာျပပါသည္။
ျမန္မာ့စစ္တပ္သည္ တအာင္းေက်းရြာမ်ားအတြင္း ဝင္ေရာက္ၿပီး အရပ္သားမ်ားကို လမ္းျပအျဖစ္ ဖမ္းဆီး ေခၚေဆာင္ ရိုက္ႏွက္တတ္သလို အရပ္သားမ်ားအား ေသနတ္ျဖင့္ ၿခိမ္းေျခာက္ကာ အရပ္သားမ်ား၏ ဥစၥာပိုင္ ပစၥည္းမ်ားကို ဖ်က္ဆီးပစ္ေလ့ရွိပါသည္။
သတင္းႏွင့္ျပန္ၾကားေရးဌာန
PSLF/TNLA

<Zawgyi>

မန်ပ္လါင်းရွာသားတစ်ဦးကို မြန်မာ့စစ်တပ်မှ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား

၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၉ ရက်
တအာင်းပြည်နယ်၊ နမ္မတူခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးအုပ်စု၊ မန်ပ္လါင်းကျေးရွာအတွင်း ဆိုင်ကယ်ဖြင့် ခရီးပြန်လာသည့် ရွာသားတစ်ဦးကို မြန်မာ့စစ်တပ် စကခ-၇၊ ခမရ-၄၂၇ တပ်ဖွဲ့က ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာသားစီးလာသည့် ဆိုင်ကယ်ကိုပါ ရိုက်ခွဲဖျက်စီးခဲ့သည်ဟု သိရသည်။
ဒီဇင်ဘာလ (၂၆) ရက်နေ့ ညနေ (၄း၀၀)ဝန်းကျင်အချိန်တွင် စကခ-၇၊ ခမရ-၄၂၇ တပ်ဖွဲ့က မန်ပ္လါင်းကျေးရွာထဲ ဝင်ရောက်လာပြီး ရွာအတွင်း ဆိုင်ကယ် စီးလာသည့် အရပ်သားတစ်ဦးကို ဖမ်းဆီးကာ ကျေးရွာနှင့်လှမ်းသည့် တောလမ်းဘက်ကို လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့ပါသည်။
မြန်မာ့စစ်တပ်သည် မန်ပ္လါင်းရွာသားတစ်ဦး၏ ဆိုင်ကယ်ကို ဖျက်ဆီးပစ်သည့်အပြင် ၎င်းထံ ပိုက်ဆံပါ အတင်း အဓမ္မ တောင်းယူခဲ့သည်။ ညနေ (၅း၀၀)နာရီဝန်းကျင်အချိန်တွင် မြန်မာ့စစ်တပ်ထံမှ ရွာသားလွတ်မြောက်ပြီး ကျေးရွာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်ဟု သိရပါသည်။
လွတ်မြောက်လာသူ ရွာသားက “ ဆိုင်ကယ်လည်း သူတို့ ဖျက်ဆီးလိုက်တယ်။ တောထဲရောက်တော့ ကျနော့် ကို ပိုက်ဆံ အတင်းတောင်းတယ်။ ကျနော်လည်း ပိုက်ဆံမရှိဘူးလို့ပဲ ပြောလိုက်တယ်”လို့ ပြောပြပါသည်။
မြန်မာ့စစ်တပ်သည် တအာင်းကျေးရွာများအတွင်း ဝင်ရောက်ပြီး အရပ်သားများကို လမ်းပြအဖြစ် ဖမ်းဆီး ခေါ်ဆောင် ရိုက်နှက်တတ်သလို အရပ်သားများအား သေနတ်ဖြင့် ခြိမ်းခြောက်ကာ အရပ်သားများ၏ ဥစ္စာပိုင် ပစ္စည်းများကို ဖျက်ဆီးပစ်လေ့ရှိပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

<Unicode>