
နားမတ်ကျေးရွာတစ်ဝိုက်ရှိ RCSS တပ်ဖွဲ့က တအာင်းတပ်မတော်တည်ရှိရာ မိုက်ဟုန်းကျေးရွာဘက်သို့ နံနက်(၇း၀၀)နာရီမှ (၇း၃၀)နာရီအထိ ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။
PSLF/TNLA
(Zawgyi)
ယနေ့ နမ္မတူမြို့နယ်တွင် RCSS တပ်ဖွဲ့နှင့် တအာင်းတပ်မတော်တို့ တိုက်ပွဲထပ်မံဖြစ်ပွား
၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၅ ရက်
တအာင်းတပ်မတော် တပ်မဟာ ၄ စစ်ဒေသ နမ္မတူမြို့နယ် နားမတ်ကျေးရွာနှင့် မိုက်ဟုန်းကျေးရွာကြားတွင် RCSS တပ်ဖွဲ့က တအာင်းတပ်မတော်အား ယနေ့ နံနက်ပိုင်းမှာ ထပ်မံပြီး ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။
နားမတ်ကျေးရွာတစ်ဝိုက်ရှိ RCSS တပ်ဖွဲ့က တအာင်းတပ်မတော်တည်ရှိရာ မိုက်ဟုန်းကျေးရွာဘက်သို့ နံနက်(ရး၀၀)နာရီမှ (ရး၃၀)နာရီအထိ ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။
တစ်ဆက်တည်းမှာပဲ နမ္မတူမြို့နယ်၊ မိုက်ဟုန်းကျေးရွာအတွင်း ယနေ့ နံနက်(၉း၂၀)နာရီတွင်လည်း RCSS တပ်ဖွဲ့က ပြန်လည် မဆုပ်ခွာဘဲ SSPP+TNLA ပူးတွဲတပ်မတော်နှင့် ရင်ဆိုင်တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေ ပါသည်။
RCSS တပ်ဖွဲ့မှ တအာင်းတပ်မတော်အား လိုက်လံထိုးစစ်ဆင် တိုက်ခိုက်လာမှုကြောင့် ယခု ဇန်နဝါရီလအတွင်း တိုက်ပွဲပေါင်း (၁၂) ကြိမ် ဖြစ်ပွားခဲ့သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
(Unicode)