မန္တံုၿမိဳ႕နယ္တြင္ ျမန္မာ့စစ္တပ္ႏွင့္ တအာင္းတပ္မေတာ္တို႔ တိုက္ပဲြျပန္လည္ ျဖစ္ပြား

မန္တံုၿမိဳ႕နယ္တြင္ ျမန္မာ့စစ္တပ္ႏွင့္ တအာင္းတပ္မေတာ္တို႔ တိုက္ပဲြျပန္လည္ ျဖစ္ပြား
၂၀၂၁ခုႏွစ္၊ ဇန္နဝါရီလ ၅ ရက္
တအာင္းတပ္မေတာ္ တပ္မဟာ-၁ စစ္ေဒသ မန္တံုၿမိဳ႕နယ္ ေဟာင္ပိန္းေက်းရြာႏွင့္ ခိုင္ေအာ္ေက်းရြာၾကား၌ ျမန္မာ့စစ္တပ္ႏွင့္ တအာင္းတပ္မေတာ္တို႔ ယေန႔ ဇန္နဝါရီလ(၅)ရက္ေန႔၊ ညေန(၁၅း၃၅)မိနစ္အခ်ိန္တြင္ တိုက္ပဲြျပန္လည္ ျဖစ္ပြားခဲ့သည္။
ျမန္မာ့စစ္တပ္ (စကခ-၇/ခမရ-၄၂၇)တပ္ဖဲြ႔သည္ နမ့္ဆုန္ႏွင့္ ေခေအာ္လမ္းခဲြဘက္မွ တအာင္းတပ္မေတာ္ တည္ရွိရာ ေဟာင္ပိန္းႏွင့္ ခိုင္ေအာ္ေက်းရြာဘက္သို႔ ထိုးစစ္ဆင္လာေရာက္သျဖင့္ ယေန႔ ညေန (၁၅း၃၅)မိနစ္အခ်ိန္မွ (၁၆း၀၀)နာရီအခ်ိန္ထိ (၂၅)မိနစ္ၾကာ ႏွစ္ဖက္ရင္ဆိုင္ တိုက္ပဲြျပန္လည္ ျဖစ္ပြားရျခင္းျဖစ္သည္။
ညီေနာင္မဟာမိတ္(၃)ဖဲြ႔မွ ယခု ၂၀၂၁ခုႏွစ္၊ ဇန္နဝါရီလ(၁)ရက္ေန႔မွ ေဖေဖာ္ဝါရီလ(၂၈)ရက္ေန႔အထိ ႏွစ္လတာ တစ္ဖက္သတ္ အပစ္အခတ္ရပ္စဲျခင္းအား ထပ္မံသက္တမ္းတိုးျမွင့္ထားေၾကာင္း ထုတ္ျပန္ေၾကညာခ်က္စာကို ထုတ္ျပန္ထားေသာ္လည္း ျမန္မာ့စစ္တပ္မွ ထိုးစစ္ဆင္ လာေရာက္တိုက္ခိုက္မွႈေၾကာင့္ အခုလို တိုက္ပဲြျပန္လည္ျဖစ္ပြားရျခင္းျဖစ္သည္။
သတင္းႏွင့္ျပန္ၾကားေရးဌာန
PSLF/TNLA
«Zawgyi»
မန်တုံမြို့နယ်တွင် မြန်မာ့စစ်တပ်နှင့် တအာင်းတပ်မတော်တို့ တိုက်ပွဲပြန်လည် ဖြစ်ပွား
၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်
တအာင်းတပ်မတော် တပ်မဟာ-၁ စစ်ဒေသ မန်တုံမြို့နယ် ဟောင်ပိန်းကျေးရွာနှင့် ခိုင်အော်ကျေးရွာကြား၌ မြန်မာ့စစ်တပ်နှင့် တအာင်းတပ်မတော်တို့ ယနေ့ ဇန်နဝါရီလ(၅)ရက်နေ့၊ ညနေ(၁၅း၃၅)မိနစ်အချိန်တွင် တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့သည်။
မြန်မာ့စစ်တပ် (စကခ-၇/ခမရ-၄၂၇)တပ်ဖွဲ့သည် နမ့်ဆုန်နှင့် ခေအော်လမ်းခွဲဘက်မှ တအာင်းတပ်မတော် တည်ရှိရာ ဟောင်ပိန်းနှင့် ခိုင်အော်ကျေးရွာဘက်သို့ ထိုးစစ်ဆင်လာရောက်သဖြင့် ယနေ့ ညနေ (၁၅း၃၅)မိနစ်အချိန်မှ (၁၆း၀၀)နာရီအချိန်ထိ (၂၅)မိနစ်ကြာ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲပြန်လည် ဖြစ်ပွားရခြင်းဖြစ်သည်။
ညီနောင်မဟာမိတ်(၃)ဖွဲ့မှ ယခု ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၈)ရက်နေ့အထိ နှစ်လတာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခြင်းအား ထပ်မံသက်တမ်းတိုးမြှင့်ထားကြောင်း ထုတ်ပြန်ကြေညာချက်စာကို ထုတ်ပြန်ထားသော်လည်း မြန်မာ့စစ်တပ်မွ ထိုးစစ်ဆင် လာရောက်တိုက်ခိုက်မှှုကြောင့် အခုလို တိုက်ပွဲပြန်လည်ဖြစ်ပွားရခြင်းဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
«Unicode»