မူဆယ်မြို့-နမ့်ခမ်းကားလမ်းမ နမ့်ပေါ်ပန်ခမ်းတံတားနှင့် စယ်လန့်ရွာထိပ်တပ်စခန်း မူဆယ်-လားရှိုးလမ်းမပေါ်ရှိ နမ့်ပေါ်တံတား တွင် တအန်းတပ်မတော်နှင့် မြန်မာ့စစ်တပ် တိုက်ပွဲဖြစ်ပွား

၂၀၁၈ ခုနှစ်၊ မေလ၊ (၁၂)ရက်

တအန်းပြည်နယ်၊ တပ်မဟာ (၁)နယ်မြေ၊ မူဆယ်မြို့ – နမ့်ခမ်းမြို့ ကားလမ်းမ နမ့်ပေါ်ပန်ခမ်းတံတားအနီးရှိ မြန်မာစစ်တပ်+ပြည်သူ့စစ် ပူးပေါင်းစခန်း နှင့် စယ်လန့်ကျေးရွာထိပ်ရှိ မြန်မာစစ်တပ်+ပြည်သူ့စစ်စခန်းတို့၌ ယနေ့ မေလ ၁၂ ၇က်နေ့ နံနက် ၀၅း၀၀ နာရီမှ ၀၇း၀၀ နာရီအချိန်ထိ လည်းကောင်း နံနက် ၀၈း၄၀ နာရီတွင် မူဆယ်လားရှိုး ကားလမ်းမပေါ်ရှိ နမ့်ပေါ်တံတား အနီးရှိ မြန်မာစစ်တပ် တပ်စခန်း တို့၌ လည်းကောင်း တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် မြန်မာစစ်တပ်ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မြန်မာစစ်တပ်သည် တအန်းပြည်နယ်အတွင်းရှိ တအန်းတပ်မတော်၏ တောတွင်း ယာယီတပ်စခန်းနှင့် တအန်းတပ်မတော်အား စဉ်ဆက်မပျက် လိုက်လံတိုက်ခိုက်မှုကြောင့် တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်။

တအန်းပြည်နယ်အတွင်း မြန်မာ့တပ်မတော်၏ တပ်အင်အားအဆမတန်ဖြည့်တင်းမှုနှင့် ကချင်ပြည်နယ်အတွင်း မဟာမိတ် KIA နှင့်တိုက်ပွဲ ပြင်းထန်မှုကြောင့် ယခုကဲ့သို့ အသေးစား စစ်ဆင်ရေး ပြုလုပ် ရခြင်းဖြစ်သည်။

PSLF/TNLA
သတင်းနှင့်ပြန်ကြားရေးဌာန