နယ်မြေကျူးကျော်ထိုးစစ်ဆင်လာသော မြန်မာစစ်တပ်နှင့် တအာင်းတပ်မတော်တို့ နမ့်ခမ်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွား

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်
တအာင်းပြည်နယ်၊ တပ်မဟာ ၁ နယ်မြေ၊ နမ့်ခမ်းမြို့နယ်၊ နမ့်စန့်ကျေးရွာ နှင့် ပန်ဟန်ကျေးရွာကြားတွင် ယနေ့ နံနက် ၀၈း၀၀ နာရီအချိန်တွင် တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ် စကခ-၇ ၊ ခလရ ၁၀၂ တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
မြန်မာစစ်တပ်သည် ဝါယော့ကျေးရွာမှ တအာင်းတပ်မတော်ရှိရာသို့ နယ်မြေကျူးကျော်ထိုးစစ်ဆင် လိုက်လံတိုက်ခိုက်လာမှုကြောင့် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်သည်။
၂၀၂၀ ခုနှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ အတွင်း တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားမှု ၂၀ ကြိမ်ထိရှိပြီဖြစ်သည်။
PSLF/TNLA
သတင်းနှင့် ပြန်ကြားရေးဌာန