နမ့်ဆန်မြို့နယ်အတွင်း တအာင်းတပ်မတော်နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွား

နမ့်ဆန်မြို့နယ်အတွင်း တအာင်းတပ်မတော်နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွား
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်

တအာင်းပြည်နယ်၊ တပ်မဟာ ၂ နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ စခန်းသာကျေးရွာအထက်တွင် ယနေ့ ဖေဖော်ဝါရီလ ၃ ရက် နံနက် ၀၃း၃၀ အချိန်တွင် တအာင်းတပ်မတော် နှင့် မြန်မာစစ်တပ် တပ်မ ၁၀၁၊ ခလရ ၂၅၇ တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ 
  မြန်မာစစ်တပ်က တအာင်းတပ်မတော်အား လိုက်လံထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် တအာင်းတပ်မတော်မှ ပြန်လည်ခုခံကာကွယ်ခြင်းဖြင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

PSLF/TNLA
သတင်းနှင့် ပြန်ကြားရေးဌာန