တအန်းတပ်မတော်နှင့် မြန်မာ့တပ်မတော် ယနေ့တိုက်ပွဲ ၂ နေရာ ဖြစ်ပွား

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်

 
တအန်းပြည်နယ် တပ်မဟာ ၁ နယ်မြေ နမ့်ခမ်းမြို့နယ်၌ ယနေ့ နံနက်တွင် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၄၇၈ နှင့် မြန်မာ့တပ်မတော် တပ်မ ၈၈ တို့ ၂ နေရာ ထိတွေ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

နံနက် ၀၅း၀၀ နာရီမှ ၀၆း၄၀ နာရီအချိန်ထိ ကောင်းကတ်ကျေးရွာနှင့် ပန်ဟန်ကျေးရွာကြား၌လည်းကောင်း နံနက် ၀၇း၀၀ နာရီမှ အထက်ပန်ယုတ်ကျေးရွာနှင့် အောက်ပန်ယုတ်ကျေးရွာကြား၌လည်းကောင်း နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အထက်ပန်ယုတ်ကျေးရွာနှင့် အောက်ပန်ယုတ်ကျေးရွာကြား တိုက်ပွဲသည် ၁၁း၀၀ နာရီအချိန်ထိ တိုက်ပွဲ လုံးဝငြိမ်သက်သွားခြင်းမရှိသေးဘဲ ကြိုးကြားကြိုးကြား ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

မြန်မာ့တပ်မတော်သည် တအန်းတပ်မတော် လှုပ်ရှားသည့် တောတွင်းအထိ ထပ်ကြပ်မကွာလိုက်လံ ထိုးစစ်ဆင်ခြင်းကြောင့် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်သည်။

ထို့အပြင် မြန်မာ့တပ်မတော်သည် တိုက်ပွဲထိတွေ့မှုမရှိဘဲ လက်နက်ကြီးဖြင့် ကျေးရွာဝန်းကျင်နှင့် အများပြည်သူ အလုပ်လုပ်ကိုင်သည့် နေရာများသို့ ယခုရက်ပိုင်းအတွင်း ပစ်ခတ်မှု ပိုမိုပြုလုပ်လျက်ရှိသည်။

 

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA