တအန်းတပ်မတော်နှင့်မြန်မာ့တပ်မတော်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွား

၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်

တအန်းပြည်နယ် တပ်မဟာ ၁ နယ်မြေ နမ္မတူမြို့နယ် ဟော်နားကျေးရွာအနီးတွင် ယနေ့ နံနက် ၀၉း၄၅ နာရီ အချိန်မှ ၁၀း၃၀ နာရီအချိန်ထိ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၈၇၆ နှင့် မြန်မာ့တပ်မတော်  ခမရ ၃၂၄ တို့ နှစ်ဖက်ရင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ မြန်မာ့တပ်မတော်သည် တအန်းတပ်မတော်အား ထပ်ကြပ်မကွာ လိုက်လံထိုးစစ်ဆင်မှုကြောင့် နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်သည်။

တိုက်ပွဲပြီးသွားပြီဖြစ်သော်လည်း ယခု ၁၃း၃၀ နာရီအချိန်ထိ မြန်မာ့တပ်မတော်သည် နမ္မတူမြို့ ခမရ ၃၂၄ တပ်စခန်းမှ နေ၍ ကျေးရွာပတ်ဝန်းကျင်သို့ ၁၂၀ မမ လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်နေဆဲဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA