PSLF/TNLA ကွတ်ခိုင်မြို့နယ် အုပ်ချုပ်ရေးဌာနအဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ(၁)ဦး ဖမ်းဆီးရမိ

PSLF/TNLA ကွတ်ခိုင်မြို့နယ် အုပ်ချုပ်ရေးဌာနအဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ(၁)ဦး ဖမ်းဆီးရမိ
၂၀၂၁ခုနှစ်၊ ဇူလိုင်လ (၆)ရက်
တအာင်းတပ်မတော် တပ်မဟာ-၅ စစ်ဒေသ PSLF/TNLA ကွတ်ခိုင်မြို့နယ်အုပ်ချုပ်ရေးဌာနအဖွဲ့မှ ဇွန်လ(၂၈)ရက်နေ့၊ ညနေ(၄း၀၀)နာရီအချိန်တွင် ကွတ်ခိုင်မြို့နယ်၊ ရပ်ကွက်(၃)တွင် နေထိုင်သည့် တရုတ်လူမျိုး မောင်ကျော်မင်းနိုင်ထံ မူးယစ်ဆေးဝါး ယာမဆေးပြားများ ဖမ်းဆီးရမိခဲ့သည်။
PSLF/TNLA ကွတ်ခိုင်မြို့နယ်အုပ်ချုပ်ရေးဌာနအဖွဲ့မှ ဇွန်လ(၂၈)ရက်နေ့၊ ညနေ(၄း၀၀)နာရီအချိန်တွင် ကွတ်ခိုင်မြို့အတွင်း နယ်မြေရှင်းလင်းရေး လုပ်ငန်းဆောင်ရွက်နေစဉ်အချိန်မှာ ပြည်သူသိတစ်ဦး၏ သတင်းပေးချက်အရ ကွတ်ခိုင်မြို့နယ် ရပ်ကွက်(၃)တွင် နေထိုင်သည့် တရုတ်လူမျိုး ဦးတော်ယီဆူ+ ဒေါ်လီဟွေလတို့၏ သားဖြစ်သူ မောင်ကျော်မင်းနိုင် အသက်(၂၀)နှစ်ရှိ နေအိမ်တွင် ဝင်ရောက်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါး ယာမဆေးပြား အထုပ်(၉)ထုပ်၊ (၁၇၀၀)ပြား စစ်ဆေးတွေ့ရှိပြီး ၄င်းနှင့်အတူ ဖမ်းဆီးထိန်းသိမ်းထားသည်။
မောင်ကျော်မင်းနိုင် အသက်(၂၀)နှစ်သည် ၂၀၁၉ခုနှစ်မှာလည်း မူဆယ်မြို့နယ်တွင် အထူးရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးများနှင့်အတူ (၁)ကြိမ် ဖမ်းဆီးခံခဲ့ရပြီး ယခုအခါ PSLF/TNLA ကွတ်ခိုင်မြို့နယ် အုပ်ချုပ်ရေးဌာနအဖွဲ့မှ မူးယစ်ဆေးဝါး ယာမဆေးပြားများနှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
မူးယစ်ဆေးဝါး ယာမဆေးပြားနှင့်အတူ ဖမ်းဆီးရမိထားသည့် မောင်ကျော်မင်းနိုင်သည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA