(၅၆) နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောလျက် PSLF/TNLA ဥက္ကဌ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် စစ်သုံ့ပန်(၉) ဦးအား လွတ်ငြိမ်းသက်သက်ခွင့်ပေး
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်
တအာင်းပြည်နယ်၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ ကျရောက်မည့် (၅၆) နှစ်မြောက်တအာင်းအမျိုးသား တော်လှန်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုလျက် PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ် တားအိုက်ဘုန်း၏ အမိန့်ဖြင့် ၂၀၁၈ ခုနှစ်အတွင်း တအာင်းပြည်နယ်တွင် ဖြစ်ပွားသည့် စစ်မြေပြင်မှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းနှင့် လက်နက်မဲ့/ လက်နက်နှင့်တကွလာရောက် အညံ့ခံသည့်
(၁) ဇော်မျိုးထွန်း (ခ) ချမ်းမြေ့ထွန်း (ကြည်း-၅၈၆၈၆) ဗိုလ်ကြီး အခြေစိုက်ဗျူဟာ ကွတ်ခိုင်
(၂) အနိုင် (တ-၄၇၈၄၄၈) တပ်သား ခလရ (၂၄၂) ကွတ်ခိုင်
(၃) ဆန်းဝင်း (ကပ-၈၆၁၆၅၇) တပ်ကြပ် ထပရ (၆၂၆)
(၄) မင်းမင်း (တ-၄၂၁၅၉၃) တပ်သား ခလရ (၂၄၂) ကွတ်ခိုင်
(၅) အောင်စိုးဦး (တ- ၅၁၀၈၄၃) တပ်သား ခမရ (၃၂၄) နမ္မတူ
(၆) စိုင်းသန်းဇော်ဦး (တ-၅၂၄၄၇၁) တပ်သား ခမရ (၃၂၄) နမ္မတူ
(၇) ဇော်မိုးထွန်း (တ-၅၀၃၀၉၃) တပ်သား ခမရ (၃၂၄) နမ္မတူ
(၈) အောင်နိုင်ဝင်း (တ-၂၅၄၆၈၁) တပ်သား ခလရ (၄၅) ကွတ်ခိုင်
(၉) ဖြူမောင် တပ်သား
စုစုပေါင်း (၉) ဦးတို့အား ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ် တားအိုက်ဘုန်း၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။
၂၀၁၈ ခုနှစ်တွင်လည်း ၂၀၁၇ ခုနှစ်အတွင်း ဖမ်းဆီးရမိသည့် မြန်မာစစ်တပ်မှ (၅) ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ (၁) ဦး၊ RCSS အဖွဲ့ဝင် (၂) ဦးတို့အား ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ် တားအိုက်ဘုန်း၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည်လွတ်ပေးခဲ့ပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA