“၅၉” ႏွစ္ျပည့္ တအာင္းအမ်ိဳးသား ေတာ္လွန္ေရးေန႔အခမ္းအနား ေအာင္ျမင္စြာ က်င္းပၿပီးစီး

၂၀၂၂ ခုႏွစ္၊ ဇန္န၀ါရီလ ၁၃ ရက္

ပေလာင္ျပည္နယ္လြတ္ေျမာက္ေရးတပ္ဦး PSLF၊ တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ TNLA ၏ “၅၉” ႏွစ္ျပည့္ ေတာ္လွန္ေရးေန႔အခမ္းအနားကို တအာင္းျပည္နယ္လြတ္ေျမာက္နယ္ေျမ တစ္ေနရာ၌ ဇန္နဝါရီလ ၁၂ ရက္ေန႔ နံနက္ ၀၅း၀၀ နာရီမွ ေန႔လည္ ၁၁း၄၅ နာရီအခ်ိန္ထိ ေအာင္ျမင္စြာက်င္းပ ၿပီးစီးခဲ့ပါသည္။

အခမ္းအနားတြင္ (၁) တားခြန္ေတာင္း စစ္ေၾကာင္း၊ (၂) တားခြန္ေအး စစ္ေၾကာင္း၊ (၃) တားေဂါင္းဂ်ား စစ္ေၾကာင္း၊ (၄) တားညီလုံ စစ္ေၾကာင္း (၅) တားအပန္းစစ္ေၾကာင္း (၆) တားေရာဘတ္စစ္ေၾကာင္း (၇) တားက်မ္ေအာင္စစ္ေၾကာင္း (၈) တားေအာင္ျမတ္စစ္ေၾကာင္း စုစုေပါင္း စစ္ေရးျပ စစ္ေၾကာင္း (၈) ေၾကာင္း အင္အား (၄၁၇) ဦးတို႔ျဖင့္ ခ်ီတက္ခ့ဲပါသည္။

အခမ္းအနားသို႔ ညီေနာင္မဟာမိတ္တပ္ဖြဲ႕ျဖစ္သည့္ ျမန္မာအမ်ိဳးသားဒီမိုကရက္တစ္တပ္မေတာ္ MNTJP/MNDAA ႏွင့္ ရကၡိဳင့္တပ္ေတာ္ ULA/AA တို႔က တအာင္းအမ်ိဳးသားေတာ္လွန္ေရးေန႔သို႔ ဂုဏ္ျပဳသဝဏ္လႊာေပးပို႔ၿပီး TNLA ၏ စစ္ဦးစီးအရာရွိခ်ဳပ္ ဗိုလ္မွဴးႀကီး တားေနာ႐ိူန္းမွ ဖတ္ၾကားခဲ့ပါသည္။

ရဟန္းသံဃာေတာ္မ်ား၊ တအာင္းမိဘျပည္သူမ်ားႏွင့္ ပေလာင္ျပည္နယ္လြတ္ေျမာက္ေရးတပ္ဦး PSLF/ တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ TNLA ဗဟိုေကာ္မတီဝင္မ်ား၊ စစ္ဦးစီး အရာရွိ/ခံမ်ား၊ အုပ္ခ်ဳပ္ေရးဌာနမ်ားႏွင့္ လုပ္ငန္းဌာနဆိုင္ရာမ်ား၊ တပ္မႉးမ်ားႏွင့္ တပ္ဖြဲ႕ဝင္မ်ား စုစုေပါင္း အင္အား ၃၀၀၀ ေက်ာ္ တက္ေရာက္ခဲ့သည္။

အလားတူ တအာင္းစစ္ေဒသအသီးသီး႐ွိ လုပ္ငန္းဌာနမ်ား၊ တပ္မဟာမ်ား ႏွင့္ တပ္ရင္းမ်ား၌လည္း တအာင္းအမ်ိဳးသားေတာ္လွန္ေရးေန႔အခမ္းအနား က်င္းပခ့ဲသည္။

သတင္းႏွင့္ျပန္ၾကားေရးဌာန

PSLF/TNLA

<<Zawygi>>

“၅၉” နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၏ “၅၉” နှစ်ပြည့် တော်လှန်ရေးနေ့အခမ်းအနားကို တအာင်းပြည်နယ်လွတ်မြောက်နယ်မြေ တစ်နေရာ၌ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၀၅း၀၀ နာရီမှ နေ့လည် ၁၁း၄၅ နာရီအချိန်ထိ အောင်မြင်စွာကျင်းပ ပြီးစီးခဲ့ပါသည်။

အခမ်းအနားတွင် (၁) တားခွန်တောင်း စစ်ကြောင်း၊ (၂) တားခွန်အေး စစ်ကြောင်း၊ (၃) တားဂေါင်းဂျား စစ်ကြောင်း၊ (၄) တားညီလုံ စစ်ကြောင်း (၅) တားအပန်းစစ်ကြောင်း (၆) တားရောဘတ်စစ်ကြောင်း (၇) တားကျမ်အောင်စစ်ကြောင်း (၈) တားအောင်မြတ်စစ်ကြောင်း စုစုပေါင်း စစ်ရေးပြ စစ်ကြောင်း (၈) ကြောင်း အင်အား (၄၁၇) ဦးတို့ဖြင့် ချီတက်ခဲ့ပါသည်။

အခမ်းအနားသို့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် MNTJP/MNDAA နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့က တအာင်းအမျိုးသားတော်လှန်ရေးနေ့သို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ပြီး TNLA ၏ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးကြီး တားနောရိူန်းမှ ဖတ်ကြားခဲ့ပါသည်။

ရဟန်းသံဃာတော်များ၊ တအာင်းမိဘပြည်သူများနှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဗဟိုကော်မတီဝင်များ၊ စစ်ဦးစီး အရာရှိ/ခံများ၊ အုပ်ချုပ်ရေးဌာနများနှင့် လုပ်ငန်းဌာနဆိုင်ရာများ၊ တပ်မှူးများနှင့် တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား ၃၀၀၀ ကျော် တက်ရောက်ခဲ့သည်။

အလားတူ တအာင်းစစ်ဒေသအသီးသီးရှိ လုပ်ငန်းဌာနများ၊ တပ်မဟာများ နှင့် တပ်ရင်းများ၌လည်း တအာင်းအမျိုးသားတော်လှန်ရေးနေ့အခမ်းအနား ကျင်းပခဲ့သည်။

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA

<<Unicode>>