၂၀၂၀ ေရြးေကာက္ပြဲ၊ NLD အစိုးရ၊ နိုင္ငံေရးေျပာင္းလဲတိုးတက္မႈ

၂၀၂၀ ေရြးေကာက္ပြဲ၊ NLD အစိုးရ၊ နိုင္ငံေရးေျပာင္းလဲတိုးတက္မႈ
xxxxx xxxxx xxxxx

၂၀၂၀ ေရြးေကာက္ပြဲမွာ တိုင္းရင္းသား ျပည္သူလူထုတရပ္လံုးက တကယ့္ႏိုင္ငံေရးေျပာင္းလဲတိုးတက္မႈကို လိုလားေၾကာင္း အခိုင္အမာျပသလိုက္ပါၿပီ။

NLD အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အရင္ ၂၀၁၅ ေရြးေကာက္ပြဲထက္ ပိုသာၿပီး ျပတ္ျပတ္သားသားအႏိုင္ရတယ္။

တကယ့္လူထုကိုယ္စားျပဳ တိုင္းရင္းသားပါတီေတြလည္း ပိုၿပီးႏိုင္ၾကတယ္။

ကေန႔ ျပည္သူလူထုေတြက နိုင္ငံေရးမနိမ့္ဘူးဆိုတာ ေရြးေကာက္ပြဲရလာဒ္က သက္ေသျပတာပါပဲ။

အာဏာစက္နဲ႔ေငြ အသံုးျပဳလို႔ အခ်ဳိ့တိုင္းရင္းသားေဒသ၊ ျပည္သူ႔စစ္ေဒသအခ်ဳိ့မွာပဲ ၾကံ့ခိုင္ေရးပါတီ မဲရတာပါ။ သူတို႔ေနဝင္ခ်ိန္ ေရာက္ဖို႔နီးပါၿပီ။

စစ္အာဏာရွင္၊ စစ္နံ့မကင္းသူ၊ နိုင္ငံေရးမူမမွန္သူ ဘယ္သူ႔ကိုမဆို ဘယ္ပါတီ ဘယ္တိုင္းရင္းသားအဖြဲ႕ကိုမဆို လက္မခံေၾကာင္း လူထုကထုတ္ေဖာ္ျပလိုက္ပါၿပီ။

၂၀၂၀ ေရြးေကာက္ပြဲ မဲရလာဒ္ဟာ စစ္အာဏာရွင္ကို မလိုလားေၾကာင္း၊ ျပည္တြင္းစစ္ကို မလိုလားေၾကာင္း လူထုအေျဖျဖစ္တယ္။

၂၀၀၈ ဖဲြ႕စည္းပံုအေျခခံဥပေဒ ကို လုထုဆႏၵခံယူပြဲ လုပ္ရင္လည္း အခုလို အေျဖပဲထြက္မွာပါ။

လူထုအားလံုးက ဒီမိုကေရစီ တကယ္အစစ္အမွန္ကို ငံ့လင့္ေနၾကတာ ျပည္တြင္းစစ္ရပ္ၿပီး တကယ့္ျပည္ေထာင္စု ႏိုင္ငံေတာ္မွာ ေပ်ာ္ဖို႔အခ်ိန္တန္ၿပီိဆိုတာ ထင္ရွားေနပါၿပီ။

ျမန္မာစစ္ေခါင္းေဆာင္ေတြ လူထုဆႏၵကို တကယ္အေလးနက္ထားရင္၊ တိုင္းျပည္ကိုတန္ဖိုးထားရင္ ႏိုင္ငံေရးကေန လံုးဝဆုတ္ခြာသင့္ပါၿပီ။

မတရားရယူထားတဲ့ လုပ္ငန္း၊ ေျမယာ၊ သယံဇာတ၊ ဘီလီယံခ်ီတဲ့ေငြေၾကး စတာေတြကို တိုင္းျပည္ဖြံ့ၿဖိဳးဖို႔အတြက္ ျပည္သူလူထုကို ျပန္ေပးသင့္ပါၿပီ။

စစ္တပ္နဲ႔ၾကံ့ခိုင္ေရးပါတီ ကိုယ္တိုင္ ၂၀၀၈ ဖြဲ႕စည္းပံုကို ျပင္ဆင္သင့္ပါၿပီ။ ဒါဆိုရင္ လူထုေထာက္ခံမႈ ျပန္ရလာႏိုင္ပါတယ္။ အတိုက္အခံပါတီေကာင္းတခု ျဖစ္လာႏိုင္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ NLD ဦးေဆာင္ အစိုးရလည္း ၂၀၁၅-၂၀၂၀ ပထမသက္တမ္းကာလ အေတြ႕အၾကဳံေတြယူၿပီး တိုင္းျပည္အတြက္ အေကာင္းဆံုး လုပ္သင့္ပါၿပီ။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြရဲ႕ NLD အေပၚေထာက္ခံခ်င္ေနတာကို နိုင္ငံေရးပါးနပ္မႈရွိရွိ လုပ္ေဆာင္သင့္ပါတယ္။

တိုင္းရင္းသားျပည္သူေတြရဲ႕ ျပည္တြင္းစစ္ေဘးဒဏ္သင့္တဲ့ မ်က္ရည္ေတြခမ္းေျခာက္ေအာင္ ဒီခ်ဳပ္အစိုးရ လုပ္ႏိုင္မဲ့အခြင့္အလမ္းရွိေနပါၿပီ။

တိုင္းရင္းသားေနတဲ့ျပည္နယ္ေတြမွာပဲ လူထုေတြစစ္ေဘးဒဏ္သင့္ရာကေန ရန္ကုန္၊ မႏၲေလး ျပည္မလူထုေတြဆီကိုလည္း စစ္မီးကူးၿပီး စစ္ေဘးဒဏ္တိုက္႐ိုက္မသင့္ဖို႔ လုပ္သင့္ပါတယ္။

ျမန္မာတိုင္းရင္းသားျပည္သူလူထုေတြရဲ႕ ဆင္းရဲမြဲေတမႈ၊ ဒီမိုကေရစီခ်ဳ႕ိတဲ့မႈနဲ႔ အေၾကာက္တရားေတြအားလံုး ဖယ္ရွားခ်ိန္တန္ပါၿပီ။

ဒါေတြအားလံုးကို ဒီ ၂၀၂၁-၂၀၂၅ သက္တမ္းမွာ လုပ္ေဆာင္ျပဖို႔
ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ NLD မွာ အခြင့္အေရးနဲ႔အခြင့္အလမ္း အျပည့္ေနရွိပါတယ္။

ျမန္မာစစ္တပ္ရဲ႕တရားေသရပ္တည္ထားတဲ့မူဝါဒဆုပ္ကိုင္ရင္း တိုင္းရင္းသားအဖြဲ႕ေတြကို တဖက္သတ္ဖိေငါက္တဲ့ ေဆြးေႏြးပဲြမွာ မ်က္စိကလယ္ကလယ္နဲ႔ လိုက္ပါတဲ့ NLD အစိုးရကိုယ္စားလွယ္ ပံုစံမ်ိဳးနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ေရွ႕ဆက္မရတာ ၿပီးခဲ့တဲ့ငါးႏွစ္တာကာလက သက္ေသပါ။

ျပည္တြင္းစစ္မီးရပ္စဲၿပီးဆံုးၿပီး နိုင္ငံေရးသေဘာတူညီခ်က္ေတြရဖို႔ စစ္ေျမျပင္မွာ မတည္ဘူး၊ ႏိုင္ငံေရးေဆြးေႏြးပဲြမွာပဲ တည္ရွိတယ္ဆိုတာ အားလံုးနားလည္သိရွိၾကပါတယ္။

ဒီတႀကိမ္မွာ NLD အစိုးရအေနနဲ႔ ျပည္တြင္းစစ္မီးကို တကယ္ၿငိမ္းသတ္မဲ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ တိတိက်က် ခ်မွတ္အေကာင္ထည္ေဖာ္သင့္ပါၿပီ။

ဒီတႀကိမ္မွာ NLD အစိုးရအေနနဲ႔ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒကို လူထုဖြဲ႕စည္းပံုအေျခခံဥပေဒ ျဖစ္ေအာင္ တကယ္ျပင္ဆင္သင့္ပါၿပီ။

ပါဝင္သင့္သူ အားလံုးပါဝင္တဲ့ ဒီမိုကေရစီျပည္ေထာင္စုႏိုင္ငံကို တကယ္ဦးေဆာင္တည္ေဆာက္ဖို႔ အခ်ိန္တန္ပါၿပီ။

ဒါေတြအားလံုး ေဆာင္ရြက္ႏိုင္ဖို႔ ၂၀၂၀ ေရြးေကာက္ပြဲမွာ တိုင္းရင္းသားျပည္သူလူထုက NLD အစိုးရကို ဒုတိယအႀကိမ္ တခဲနက္ ဆႏၵမဲထပ္ေပးတာျဖစ္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ NLD အစိုးရ ဦးေဆာင္လုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

အားလံုးဟာ တကယ့္ႏိုင္ငံေရးအေျပာင္းအလဲအတြက္ လိုက္ပါဖို႔အဆင္သင့္ျဖစ္ေနပါၿပီ။
xxxxxxxxxxxxxxxxxxxxxx

၁၆/၁၁/၂၀၂၀
ဗိုလ္မႉးခ်ဳပ္ တာဘုန္းေက်ာ္
အေထြေထြအတြင္းေရးမႉး
PSLF/TNLA

(Zawgyi)

၂၀၂၀ ရွေးကောက်ပွဲ၊ NLD အစိုးရ၊ နိုင်ငံရေးပြောင်းလဲတိုးတက်မှု
xxxxx xxxxx xxxxx

၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက တကယ့်နိုင်ငံရေးပြောင်းလဲတိုးတက်မှုကို လိုလားကြောင်း အခိုင်အမာပြသလိုက်ပါပြီ။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရင် ၂၀၁၅ ရွေးကောက်ပွဲထက် ပိုသာပြီး ပြတ်ပြတ်သားသားအနိုင်ရတယ်။

တကယ့်လူထုကိုယ်စားပြု တိုင်းရင်းသားပါတီတွေလည်း ပိုပြီးနိုင်ကြတယ်။

ကနေ့ ပြည်သူလူထုတွေက နိုင်ငံရေးမနိမ့်ဘူးဆိုတာ ရွေးကောက်ပွဲရလာဒ်က သက်သေပြတာပါပဲ။

အာဏာစက်နဲ့ငွေ အသုံးပြုလို့ အချို့တိုင်းရင်းသားဒေသ၊ ပြည်သူ့စစ်ဒေသအချို့မှာပဲ ကြံ့ခိုင်ရေးပါတီ မဲရတာပါ။ သူတို့နေဝင်ချိန် ရောက်ဖို့နီးပါပြီ။

စစ်အာဏာရှင်၊ စစ်နံ့မကင်းသူ၊ နိုင်ငံရေးမူမမှန်သူ ဘယ်သူ့ကိုမဆို ဘယ်ပါတီ ဘယ်တိုင်းရင်းသားအဖွဲ့ကိုမဆို လက်မခံကြောင်း လူထုကထုတ်ဖော်ပြလိုက်ပါပြီ။

၂၀၂၀ ရွေးကောက်ပွဲ မဲရလာဒ်ဟာ စစ်အာဏာရှင်ကို မလိုလားကြောင်း၊ ပြည်တွင်းစစ်ကို မလိုလားကြောင်း လူထုအဖြေဖြစ်တယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို လုထုဆန္ဒခံယူပွဲ လုပ်ရင်လည်း အခုလို အဖြေပဲထွက်မှာပါ။

လူထုအားလုံးက ဒီမိုကရေစီ တကယ်အစစ်အမှန်ကို ငံ့လင့်နေကြတာ ပြည်တွင်းစစ်ရပ်ပြီး တကယ့်ပြည်ထောင်စု နိုင်ငံတော်မှာ ပျော်ဖို့အချိန်တန်ပြီဆိုတာ ထင်ရှားနေပါပြီ။

မြန်မာစစ်ခေါင်းဆောင်တွေ လူထုဆန္ဒကို တကယ်အလေးနက်ထားရင်၊ တိုင်းပြည်ကိုတန်ဖိုးထားရင် နိုင်ငံရေးကနေ လုံးဝဆုတ်ခွာသင့်ပါပြီ။

မတရားရယူထားတဲ့ လုပ်ငန်း၊ မြေယာ၊ သယံဇာတ၊ ဘီလီယံချီတဲ့ငွေကြေး စတာတွေကို တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက် ပြည်သူလူထုကို ပြန်ပေးသင့်ပါပြီ။

စစ်တပ်နဲ့ကြံ့ခိုင်ရေးပါတီ ကိုယ်တိုင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်သင့်ပါပြီ။ ဒါဆိုရင် လူထုထောက်ခံမှု ပြန်ရလာနိုင်ပါတယ်။ အတိုက်အခံပါတီကောင်းတခု ဖြစ်လာနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ဦးဆောင် အစိုးရလည်း ၂၀၁၅-၂၀၂၀ ပထမသက်တမ်းကာလ အတွေ့အကြုံတွေယူပြီး တိုင်းပြည်အတွက် အကောင်းဆုံး လုပ်သင့်ပါပြီ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ NLD အပေါ်ထောက်ခံချင်နေတာကို နိုင်ငံရေးပါးနပ်မှုရှိရှိ လုပ်ဆောင်သင့်ပါတယ်။

တိုင်းရင်းသားပြည်သူတွေရဲ့ ပြည်တွင်းစစ်ဘေးဒဏ်သင့်တဲ့ မျက်ရည်တွေခမ်းခြောက်အောင် ဒီချုပ်အစိုးရ လုပ်နိုင်မဲ့အခွင့်အလမ်းရှိနေပါပြီ။

တိုင်းရင်းသားနေတဲ့ပြည်နယ်တွေမှာပဲ လူထုတွေစစ်ဘေးဒဏ်သင့်ရာကနေ ရန်ကုန်၊ မန္တလေး ပြည်မလူထုတွေဆီကိုလည်း စစ်မီးကူးပြီး စစ်ဘေးဒဏ်တိုက်ရိုက်မသင့်ဖို့ လုပ်သင့်ပါတယ်။

မြန်မာတိုင်းရင်းသားပြည်သူလူထုတွေရဲ့ ဆင်းရဲမွဲတေမှု၊ ဒီမိုကရေစီချု့ိတဲ့မှုနဲ့ အကြောက်တရားတွေအားလုံး ဖယ်ရှားချိန်တန်ပါပြီ။

ဒါတွေအားလုံးကို ဒီ ၂၀၂၁-၂၀၂၅ သက်တမ်းမှာ လုပ်ဆောင်ပြဖို့
ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD မှာ အခွင့်အရေးနဲ့အခွင့်အလမ်း အပြည့်နေရှိပါတယ်။

မြန်မာစစ်တပ်ရဲ့တရားသေရပ်တည်ထားတဲ့မူဝါဒဆုပ်ကိုင်ရင်း တိုင်းရင်းသားအဖွဲ့တွေကို တဖက်သတ်ဖိငေါက်တဲ့ ဆွေးနွေးပွဲမှာ မျက်စိကလယ်ကလယ်နဲ့ လိုက်ပါတဲ့ NLD အစိုးရကိုယ်စားလှယ် ပုံစံမျိုးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရှေ့ဆက်မရတာ ပြီးခဲ့တဲ့ငါးနှစ်တာကာလက သက်သေပါ။

ပြည်တွင်းစစ်မီးရပ်စဲပြီးဆုံးပြီး နိုင်ငံရေးသဘောတူညီချက်တွေရဖို့ စစ်မြေပြင်မှာ မတည်ဘူး၊ နိုင်ငံရေးဆွေးနွေးပွဲမှာပဲ တည်ရှိတယ်ဆိုတာ အားလုံးနားလည်သိရှိကြပါတယ်။

ဒီတကြိမ်မှာ NLD အစိုးရအနေနဲ့ ပြည်တွင်းစစ်မီးကို တကယ်ငြိမ်းသတ်မဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိတိကျကျ ချမှတ်အကောင်ထည်ဖော်သင့်ပါပြီ။

ဒီတကြိမ်မှာ NLD အစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်အောင် တကယ်ပြင်ဆင်သင့်ပါပြီ။

ပါဝင်သင့်သူ အားလုံးပါဝင်တဲ့ ဒီမိုကရေစီပြည်ထောင်စုနိုင်ငံကို တကယ်ဦးဆောင်တည်ဆောက်ဖို့ အချိန်တန်ပါပြီ။

ဒါတွေအားလုံး ဆောင်ရွက်နိုင်ဖို့ ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပြည်သူလူထုက NLD အစိုးရကို ဒုတိယအကြိမ် တခဲနက် ဆန္ဒမဲထပ်ပေးတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD အစိုးရ ဦးဆောင်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

အားလုံးဟာ တကယ့်နိုင်ငံရေးအပြောင်းအလဲအတွက် လိုက်ပါဖို့အဆင်သင့်ဖြစ်နေပါပြီ။
xxxxxxxxxxxxxxxxxxxxxx

၁၆/၁၁/၂၀၂၀
ဗိုလ်မှူးချုပ် တာဘုန်းကျော်
အထွေထွေအတွင်းရေးမှူး
PSLF/TNLA

(Unicode)