မြန်မာ့တပ်မတော် အမှတ် (၁) အခြေချစစ်ဗျူဟာတပ်ဖွဲ့မှ ဒေသခံ လူငယ်နှစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်

မြန်မာ့တပ်မတော် အမှတ် (၁) အခြေချစစ်ဗျူဟာတပ်ဖွဲ့မှ  ဒေသခံ လူငယ်နှစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်
၂၀၁၇ခုနှစ် မတ်လ  ၉ ရက်
ကွတ်ခိုင်မြို့နယ် အမှတ် (၁) အခြေချ စစ်ဗျူဟာတပ်ဖွဲ့မှ ကွတ်ခိုင်မြို့နယ် ၊ဟိုနောင်ကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာနေ (ဘ) ဦးအိုက်ဒုတ် + ဒေါ်အီတို့၏သား အသက် (၂၄ ) နှစ် မိုင်းအလေဲဝ်းဒုတ်နှင့် (ဘ) ဦးအိုက်ဆမ်ပေါ်ဝံင်း အသက် (၂၇) နှစ် မိုင်းအိုက်ထွန်းလေး တို့နှစ်ဦးအား ၂၀၁၇ခုနှစ် မတ်လ ၈ ရက်နေ့ မွန်းလွဲ (၁၄း၃၀) နာရီအချိန် ဟိုကျန့်ကျေးရွာတွင် လိုက်လံပစ်ခတ်ခဲ့သည်။
အဆိုပါပစ်ခတ်မှုကြောင့် မိုင်းအလေဲဝ်းဒုတ်၏ ၀မ်းဗိုက်တွင် ကျည်ဆံ ၂ ချက်ထိမှန်ုပြီး အူမပြတ်ထွက်သွား  သည်ဟု သိရသည်။  မိုင်းအလေဲဝ်းဒုတ်အား စစ်တပ်ဆေးရုံတွင်  ခွဲစိတ်ကုသနေကြောင်းသိရသော်လည်း ယခုအချိန်အထိ မိသားစုအပါအ၀င် မည်သူတစ်ဦးတစ်ယောက်မျှ  တွေ့ခွင့်မရရှိပါ၊
မြန်မာစစ်တပ်နှင့်ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး ကွတ်ခိုင်မြို့အနီးရှိ တအာင်းကျေးရွာများတွင်းဒေသခံများအား  လတ်တလောတွင်  လိုက်လံဖမ်းဆီးပြီး တပ်သားသစ်စုဆောင်းရေးများ  ပြုလုပ်နေသောကြောင့်  ဒေသခံများမှာနေ့စဉ်ထိတ်လန့်နေရကာ လုံခြုံမှု မရှိသည့်အပြင် ယခုဖြစ်ရပ်ကြောင့်လည်း ပိုမို၍ကြောက်လန့် ကြနေရသည်။

PSLF/TNLA

သတင်းနှင့်ပြန်ကြားရေးဌာန