မြန်မာ့တပ်မတော် လူနေအိမ်မီးရှို့ ဖျက်ဆီး

၂၀၁၈ ခုနစ် ဇန်န၀ါရီလ ၁၅ ရက်

တအန်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ ကျောက်ဖြူလေးကျေးရွာအုပ်စု ကိုက်တိုင် (ကြက်သေ) ကျေးရွာရှိ လူနေအိမ် ၃ လုံး အား ၂၀၁၈ ခုနစ် ဇန်နဝါရီလ ၁၄ ရက် ည ၂၁း၀၀ နာရီ ခန့်တွင် မြန်မာ့တပ်မတော် စကခ (၁) လက်အောက်ခံ ခမရ (၅၀၄) သီပေါ အခြေစိုက်မှ မီးရှို့ဖျက်ဆီးခဲ့သည်။
မီးရှို့ဖျက်ဆီးခံရသော နေအိမ်များမှာ (၁) မိုင်းအိုက်သန်း+ယာအေလန်(အောင်ဆုပန် စတိုး) ပျဉ်ထောင်အိမ် ဆန်၊ဆီ၊ကုန်စုံဆိုင်၊ တွဲလျက် ဆိုင်ကယ်ဝပ်ရှော့ဖွင့်ထားပြီး ဆိုင်ကယ် (၈)စီး၊ မြင်းကောင်းရေအား ၂၂ ကောင် မီးစက်(၂)လုံး၊ ဒိုင်နမို(၃)လုံး နှင့် ရပ်ရွာလူငယ်များအဖွဲ့၏ ဘုံပစ္စည်းဖြစ်သော စက်ပစ္စည်းများ၊ အိုးစည်၊မောင်းသံများ ဆုံးရှုံးသွားခဲ့သည်။ ကာလတန်ဖိုးခန့်မှန်းခြေ သိန်း(၃၀၀) ကျော်ရှိသည်။ (၂) ယာအေခင် သွပ်မိုးအိမ်ဖြစ်ပြီး အိမ်ဆောက်ရန်အတွက် စုထားသော သစ်များ၊အိမ်တွင်းရှိပစ္စည်း အားလုံးပါသွားသည်။ (၃)တာထွန်းနိင်(အိုက်ဘ) ၄ ခန်းတွဲပါ သစ်ပျဉ်းအိမ်ကြီး အိမ်တွင်းရှိပစ္စည်းအားလုံး ဆုံးရှုံးသွားသည်။

ကျေးရွာတွင်းတွင် မြန်မာ့တပ်မတော်ရောက်ရှိပြီး ဒေသခံပြည်သူများက ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးခိုလုံခဲ့ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် ဝန်းကျင်ကပင် မြန်မာ့တပ်မတော် ရောက်ရှိစဉ်ကပင် ရွာလုံးကျွတ်နီးပါး ကျောက်မဲမြို့သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
ကျေးရွာတွင်းရှိ လူနေအိမ်များလည်း မြန်မာ့တပ်မတော်မှ နေအိမ်များနှင့် ဈေးဆိုင်များကို ဖောက်ထွင်ဖျက်ဆီး ပစ္စည်းလုယူခဲ့သည်။

PSLF/TNLA
သတင်းနှင့် ပြန်ကြားရေးဌာန