မြန်မာ့တပ်မတော်မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် နမ့်ခမ်းမြို့နယ် ဒေသခံ (၃)ဦး ဒဏ်ရာရ

မြန်မာ့တပ်မတော်မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် နမ့်ခမ်းမြို့နယ် ဒေသခံ (၃)ဦး ဒဏ်ရာရ

၂၀၁၇ ခုနှစ် မေလ ၂ ရက်

 

မြန်မာ့တပ်မတော် တပ်မ (၈၈) သည် မန်လုံရွာသို့ ရောက်ရှိပြီး ကျေးရွာပတ်ဝန်းကျင်သို့ လက်ဖက်ခူးနေသည့် ပြည်သူများအား ရည်ရွက်ချက်ရှိရှိ လိုက်လံပစ်ခတ် ခဲ့သည်။  ရွာသားများမှ   ၄င်းတို့လိုက်လံပစ်ခတ်သူသည်  လက်ဖက်ခူးနေသည့်   ပြည်သူများဖြစ်ကြောင်း  ဆက်မပစ်ရန်    တောင်းပန်သော်လည်း မြန်မာ့တပ်မတော် မှဆက်လက်ပစ်ခတ်ခဲ့သည်။ပစ်ခတ်မှုကြောင့် လက်ဖက်ခူးနေသည့် အပြစ်မဲ့ ပြည်သူ ၃ ဦး ထိမှန်ခဲ့ကြောင်းသိရသည်။

ပစ်ခတ်မှုကြောင့် လက်နက်ထိမှန် ဒဏ်ရာရသူများမှာ   (၁)အမည် – ဒေါ်အိုင်ထာ ၊ နေရပ် – ကောင်းခေကျေးရွာ ၊ အသက် – ၄၈ နှစ် ၊ အဘ – ဦးထမ်းဆွယ်၊ ဒဏ်ရာရရှိသည့်နေရာ-တင်ပါး နဲ့ ခါး ၊ (၂)အမည် – အိုင်သန်းဌေး ၊ နေရပ် – ကောင်းခေကျေးရွာ ၊ အသက် – ၁၃ ၊ အဘ – ဦအိုက်ကျော်(ခ)အိုက်ဆွယ် ၊ ဒဏ်ရာရရှိသည့်နေရာ – တင်ပါး ၊ (၃) အမည် – အီရွှေဦး ၊ နေရပ် – ကောင်းခေကျေးရွာ ၊ အသက် – ၁၇ ၊ အဘ – ညီကျော်ဖေ ၊ဒဏ်ရာရရှိသည့်နေရာ – ဒူး တို့ဖြစ်သည်။

ဒဏ်ရာရရှိသူများကို  ဒေသခံများမှ နမ့်ခမ်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။မြန်မာ့တပ်မတော်သည် ထိုသို့  ပြည်သူများအား ရည်ရွယ် ပစ်ခတ်နေသောကြောင့် ဒေသခံပြည်သူများ စိုးရိန်ထိတ်လန့်နေကြရသည်။

 

 

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA