ေရပံုးေက်းရြာႏွင့္ မိုးႏြဲ႕ေက်းရြာၾကားတြင္ ျမန္မာ့စစ္တပ္ႏွင့္ တအာင္းတပ္မေတာ္တို႔ တိုက္ပဲြထပ္မံ ျဖစ္ပြား

ေရပံုးေက်းရြာႏွင့္ မိုးႏြဲ႕ေက်းရြာၾကားတြင္ ျမန္မာ့စစ္တပ္ႏွင့္ တအာင္းတပ္မေတာ္တို႔ တိုက္ပဲြထပ္မံ ျဖစ္ပြား
၂၀၂၁ခုႏွစ္၊ ဇန္နဝါရီလ၊ ၈ ရက္
တအာင္းတပ္မေတာ္ တပ္မဟာ-၃ စစ္ေဒသ မန္တံုၿမိဳ႕နယ္၊ ေရပံုးက်းရြာအုပ္စုႏွင့္ မိုးႏြဲ႕ေက်းရြာၾကားတြင္ ျမန္မာ့စစ္တပ္ႏွင့္ တအာင္းတပ္မေတာ္တို႔ ယေန႔ ဇန္နဝါရီလ(၈)ရက္ေန႔၊ ညေန(၁၆း၄၅)မိနစ္အခ်ိန္တြင္ တိုက္ပဲြထပ္မံ ျဖစ္ပြားခဲ့သည္။
ျမန္မာ့စစ္တပ္ (တ.မ-၁၀၁/ခလရ-၂၅၅)တပ္ဖဲြ႔သည္ မန္တံုၿမိဳ႕နယ္ကေနတစ္ဆင့္ မိုးႏြဲ႕ေက်းရြာ လမ္းအဆင္းဘက္မွ တအာင္းတပ္မေတာ္ တည္ရွိရာ ေရပံုးေက်းရြာဘက္သို႔ ထိုးစစ္ဆင္လာေရာက္သျဖင့္ ယေန႔ ညေန (၁၆း၄၅)မိနစ္အခ်ိန္တြင္ ႏွစ္ဖက္ထိပ္ေတြ႔ တိုက္ပဲြထပ္မံ ျဖစ္ပြားရျခင္းျဖစ္သည္။
ညီေနာင္မဟာမိတ္(၃)ဖဲြ႔မွ ယခု ၂၀၂၁ခုႏွစ္၊ ဇန္နဝါရီလ(၁)ရက္ေန႔မွ ေဖေဖာ္ဝါရီလ(၂၈)ရက္ေန႔အထိ ႏွစ္လတာ တစ္ဖက္သတ္ အပစ္အခတ္ရပ္စဲျခင္းအား ထပ္မံသက္တမ္းတိုးျမွင့္ထားေၾကာင္း ထုတ္ျပန္ေၾကညာၿပီးေနာက္ပိုင္း ျမန္မာ့စစ္တပ္၏ နယ္ေျမက်ဴးေက်ာ္ ထိုးစစ္ဆင္ တိုက္ခိုက္လာမွႈေၾကာင့္ တအာင္းတပ္မေတာ္ႏွင့္ (၂)ႀကိမ္ တိုက္ပဲြျဖစ္ပြားခဲ့ၿပီးျဖစ္သည္။
သတင္းႏွင့္ျပန္ၾကားေရးဌာန
PSLF/TNLA
(Zawgyi)
ရေပုံးကျေးရွာနှင့် မိုးနွဲ့ကျေးရွာကြားတွင် မြန်မာ့စစ်တပ်နှင့် တအာင်းတပ်မတော်တို့ တိုက်ပွဲထပ်မံ ဖြစ်ပွား
၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ၊ ၈ ရက်
တအာင်းတပ်မတော် တပ်မဟာ-၃ စစ်ဒေသ မန်တုံမြို့နယ်၊ ရေပုံးကျးရွာအုပ်စုနှင့် မိုးနွဲ့ကျေးရွာကြားတွင် မြန်မာ့စစ်တပ်နှင့် တအာင်းတပ်မတော်တို့ ယနေ့ ဇန်နဝါရီလ(၈)ရက်နေ့၊ ညနေ(၁၆း၄၅)မိနစ်အချိန်တွင် တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့သည်။
မြန်မာ့စစ်တပ် (တ.မ-၁၀၁/ခလရ-၂၅၅)တပ်ဖွဲ့သည် မန်တုံမြို့နယ်ကနေတစ်ဆင့် မိုးနွဲ့ကျေးရွာ လမ်းအဆင်းဘက်မှ တအာင်းတပ်မတော် တည်ရှိရာ ရေပုံးကျေးရွာဘက်သို့ ထိုးစစ်ဆင်လာရောက်သဖြင့် ယနေ့ ညနေ (၁၆း၄၅)မိနစ်အချိန်တွင် နှစ်ဖက်ထိပ်တွေ့ တိုက်ပွဲထပ်မံ ဖြစ်ပွားရခြင်းဖြစ်သည်။
ညီနောင်မဟာမိတ်(၃)ဖွဲ့မှ ယခု ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၈)ရက်နေ့အထိ နှစ်လတာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခြင်းအား ထပ်မံသက်တမ်းတိုးမြှင့်ထားကြောင်း ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း မြန်မာ့စစ်တပ်၏ နယ်မြေကျူးကျော် ထိုးစစ်ဆင် တိုက်ခိုက်လာမှှုကြောင့် တအာင်းတပ်မတော်နှင့် (၂)ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
(Unicode)