ညောင်မောင်းကျေးရွာတွင် မြန်မာ့စစ်တပ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် သားအမိနှစ်ဦးသေဆုံး

၂၀၂၀ခုနှစ် ဇန်နဝါရီလ ၂၉ ရက်
တအာင်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ တောဆန်အုပ်စု၊ ညောင်မောင်းကျေးရွာ၌ ဇန်နဝါရီလ (၂၈)ရက်နေ့ ညနေ (၁၇း၅၀) မိနစ်အချိန်တွင်  မြန်မာ့စစ်တပ် တပ်မ (၈၈) က ၆၀ မမ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် လူနေအိမ် ထိမှန်ကာ  နေအိမ်အတွင်းတွင်ရှိနေသော သားအမိနှစ်ဦး ထိမှန် သေဆုံး ခဲ့သည်။
မြန်မာ့စစ်တပ် တပ်မ (၈၈) သည် ဇန်နဝါရီလ (၂၈)ရက်နေ့ ညနေ (၁၇း၅၀) မိနစ်အချိန် ညောင်မောင်းရွာအတွင်းဝင်ရောက်ပြီး လက်နက်ကြီး/ငယ်ဖြင့် ကျေးရွာအတွင်း ရမ်းသမ်ပစ်ခတ် ခဲ့သည်။ ထိုသို့ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ၆၀ မမ တစ်လုံးသည် ဒေါ်ခင်စိန် နေအိမ်ပေါ်၌ ကျရောက် ထိမှန်ပေါက်ကွဲခဲ့သည်။ နေအိမ်အတွင်းတွင်ရှိနေသည့်  ဒေါ်ခင်စိန် အသက် (၄၉)နှစ၊် အဖ တားကျော်စိန်+အမိ ယားအီပူန် ပေါင်ညာဘက်ထိမှန် သမီးဖြစ်သူ မနန်ခမ်းအောင် အသက် (၁၇)နှစ်က ကျောဖက် ထိမှန်ကျည်ဖေါက်ဝင်ပြီး ၂ ဦးလုံးသေဆုံးခဲ့သည်။
ထို့အပြင် မြန်မာ့စစ်တပ် တပ်မ (၈၈) က ညောင်မောင်းရွာဥက္ကဌနှင့် ရွာသား (၅) ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ယခုချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပါ။
PSLF/TNLA
သတင်းနှင့်ပြန်ကြားရေးဌာန