
၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလအတွင်း မြန်မာ့စစ်တပ်၏ နယ်မြေကျော်လွန် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တအာင်းတပ်မတော်နဲ့အကြား တိုက်ပွဲ(၁၀)ကြိမ် ဖြစ်ပွားခဲ့ပြီးဖြစ်သည်။
PSLF/TNLA
(Zawgyi)
ကျောက်မဲမြို့နယ် ပန်လောကျေးရွာအနီးတွင် မြန်မာ့စစ်တပ်နှင့် တအာင်းတပ်မတော်တို့ တိုက်ပွဲထပ်မံဖြစ်ပွား
၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ၊ ၃၁ ရက်
တအာင်းပြည်နယ်၊ တပ်မဟာ-၂နယ်မြေ၊ ကျောက်မဲမြို့နယ်၊ ပန်လောကျေးရွာအနီးတွင် မြန်မာ့စစ်တပ်နှင့် တအာင်းတပ်မတော်တို့ ယနေ့ ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့သည်။
မြန်မာ့စစ်တပ်( တ.မ-၁၀၁/ခလရ-၂၃၅ )သည် ပိန်းကျင်ကျေးရွာဘက်မှ တအာင်းတပ်မတော် တည်ရှိရာ ပန်လောကျေးရွာအနီး ဘက်သို့ နယ်မြေကျူးကျော် လာရောက်သဖြင့် ယနေ့ မွန်းလွဲပိုင်း(၁၄း၄၀)မိနစ်အချိန်မှ (၁၅း၀၀)နာရီအချိန်ထိ မိနစ်(၂၀)ကြာ နှစ်ဖက်တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်။
၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလအတွင်း မြန်မာ့စစ်တပ်၏ နယ်မြေကျော်လွန် ထိုးစစ်ဆင်တိုက်ခိုက်မှှုကြောင့် တအာင်းတပ်မတော်နဲ့အကြား တိုက်ပွဲ(၁၀)ကြိမ် ဖြစ်ပွားခဲ့ပြီးဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
(Unicode)