



PSLF/TNLA

(Zawgyi)

RCSS တပ်ဖွဲ့က တအာင်းတပ်မတော်အား ဆက်လက်ကျူးကျော် တိုက်ခိုက်
၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၇ ရက်

တအာင်းတပ်မတော် တပ်မဟာ (၂) စစ်ဒေသ ကျောက်မဲမြို့နယ် တောဖယ်ကျေးရွာအနီး ထင်းရှူး(ဆိုရ်ဂေး)တောင်ပေါ်တွင် RCSS တပ်ဖွဲ့က တအာင်းတပ်မတော်အား ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့မှာ ထပ်မံ ကျူးကျော် တိုက်ခိုက်ခဲ့သည်။
RCSS တပ်ဖွဲ့ဘက်မှ တအာင်းတပ်မတော်တည်ရှိရာ တောဖယ်ကျေးရွာအထက်ဖက် ထင်းရှူးတောင်ပေါ်သို့ နယ်မြေကျူးကျော် ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် နှစ်ဖက်တပ်အကြား နံနက်(၉း၁၅)နာရီမှ (၉း၃၀)နာရီအထိ ၁၅ မိနစ်ကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။
RCSS တပ်ဖွဲ့သည် တအာင်းတပ်မတော် လှုပ်ရှားရာန ယ်မြေအတွင်း ကျူးကျော်တိုက်ခိုက်လာမှုကြောင့် ယခု ဇန်နဝါရီလတွင် တအာင်းတပ်မတော်နှင့် တိုက်ပွဲပေါင်း (၁၃) ကြိမ် ဖြစ်ပွားခဲ့သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
(Unicode)