သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက်

———————-

၂၀၁၇ ခုနှစ် မေလ ၂၃ ရက်

 

၂၁ ရာစုပင်လုံ ဒုတိယအကြိမ် ညီလာခံ ကို “အထူးဖိတ်ကြားသူ” အနေဖြင့် တက်ရောက်ရန်  UPDJC ပေးပို့လာသည့် ဖိတ်စာကို မိမိတို့ PSLF/TNLA မှ ၂၀၁၇ ခုနှစ် မေလ ၂၂ ရက်နေ့ ရက်စွဲဖြင့် တရုတ်စံတော်ချိန် ည ၂၁:၃၀ နာရီခန့်တွင် လက်ခံရရှိခဲ့ပါသည်။

ရပ်တန့်ပိတ်ဆို့နေသည့် မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လမ်းစပွင့်ရန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မေတ္တာရပ်ခံချက်ကို အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်နိုင်ရန် တို့အတွက် ထိုညီလာခံအစည်းအဝေးသို့ FPNCC ကော်မတီနှင့်အတူ မိမိတို့ တက်ရောက်ပါမည်။

မိမိတို့  PSLF/TNLA ကိုယ်စားလှယ်အဖြစ် ၁) ဗိုလ်မှူးချုပ် တားဂျုတ်ဂျား( ဒုတိယ ဥက္ကဌ -၁) နှင့် ၂) ဗိုလ်မှူး တားပန်လ      (တွဲဖက်အထွေထွေအတွင်းရေးမှူး-၂)   တို့တက်ရောက်မည်ဖြစ်ကြောင်း   ရှင်းလင်းအသိပေးအပ်ပါသည်။

 

 

သတင်းနှင့်ပြန်ကြားရေးဌာန

PSLF/TNLA