ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာ

PSLF_Letter_headဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာ

၁။ ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ၊ (၁၉)ရက်နေ့၊ မွန်းလွဲ ၁၂း၃၆ အချိန်တွင် ဗမာတပ်မတော် ခြေမြန်တပ်ရင်း (၃၈၉)တပ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိ KIO ကြီးမှူးဖွင့်လှစ်သော အရာရှိလောင်း သင်တန်းကျောင်းအား (၁၀၅)မမဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် မဟာမိတ်တပ်ဖွဲ့ဝင် အရာရှိလောင်းများ နှင့်အတူ မိမိတို့ TNLA အရာရှိလောင်း (၁၁)ဦး ကျဆုံး ခဲ့ပါသည်။ ထိုကဲ့သို့တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သော တပ်ဖွဲ့ဝင်များ အားလုံး အတွက် အထူးဝမ်းနည်းကြေကွဲ ရပါသည်။

၂။ ကျဆုံးခဲ့သော TNLA အရာရှိလောင်းများမှာ-(၁) မိုင်းနေထွန်း ၊အသက်-၂၄ နှစ်၊ (၂)မိုင်းမောင်ဝင်း၊ အသက်-၂၁နှစ်၊ (၃)မိုင်းနော်အောင်၊ အသက်-၂၂နှစ်၊ (၄)မိုင်းထွန်းလှိုင်၊ အသက်-၂၂နှစ်၊(၅)မိုင်းဘခက်၊ အသက်-၂၁နှစ်၊ (၆)မိုင်းသန်းရှိုင်း၊ အသက်-၁၈နှစ်၊ (၇)မိုင်းရဲစည်သူ၊ အသက်-၁၉နှစ်၊ (၈)မိုင်းစိန်မြင့်၊ အသက်-၂၅နှစ်၊ (၉)မိုင်းဝေယံ၊ အသက်-၁၉နှစ်၊ (၁၀)မိုင်းအောင်ဆန်း၊ အသက်-၂၅နှစ်၊ (၁၁) မိုင်းအိုက်ကြာ၊ အသက်-၂၁နှစ်၊ တို့ဖြစ်ပါသည်။

၃။ တအာင်းအမျိုးသား လွတ်မြောက်ရေးအတွက် အသက်ပေးလှူခဲ့သော TNLA အရာရှိလောင်း (၁၁)ဦး အား မိမိတို့ PSLF/TNLA အနေဖြင့် တအာင်းပြည်နယ် ရရှိသည့်အထိ ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ကတိပြုရင်း ၀မ်နည်းကြေကွဲကြောင်း သဝဏ်လွှာ ထုတ်ပြန်အပ်ပါသည်။

ဗဟိုကော်မတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA

ရက်စွဲ။ ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ၊ (၂၀)ရက်
ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာ  ဤနေရာတွင် ဒေါင်းလုပ်ရယူနိုင်ပါသည်