
PSLF/TNLA
(Zawgyi)

လွယ်အန်ကျေးရွာ၌ မြန်မာ့စစ်တပ်နှင့် တအာင်းတပ်မတော်တို့ တိုက်ပွဲပြန်လည်ဖြစ်ပွား
၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ၊ ၁၄ ရက်
တအာင်းတပ်မတော် တပ်မဟာ-၂ စစ်ဒေသ မိုင်းလုံမြို့နယ်၊ လွယ်အန်ကျေးရွာ၌ မြန်မာ့စစ်တပ်နှင့် တအာင်းတပ်မတော်တို့ ယနေ့ ဇန်နဝါရီလ(၁၄)ရက်နေ့၊ နေ့လည်(၁၁း၄၅)မိနစ်အချိန်တွင် တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့သည်။
မြန်မာ့စစ်တပ်(လပခ/ခလရ-၈၈)သည် လွယ်ဆာကျေးရွာဘက်မှ တအာင်းတပ်မတော် တည်ရှိရာ လွယ်အန်ကျေးရွာဘက်သို့ ထိုးစစ်ဆင်လာရောက်တိုက်ခိုက်သဖြင့် ယနေ့ နေ့လည်(၁၁း၄၅)မိနစ်အချိန်တွင် နှစ်ဖက်တိုက်ပွဲပြန်ဖြစ်ပွားရခြင်းဖြစ်သည်။
ယခု ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလအတွင်း မြန်မာ့စစ်တပ်မှ တအာင်းတပ်မတော် တည်ရှိရာသို့ ထိုးစစ်ဆင်လာရောက်တိုက်ခိုက်သဖြင့် တအာင်းတပ်မတော်နှင့် (၃)ကြိမ် တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ပြီးဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
(Unicode)